မဲခေါင်၊ အောက်တိုဘာ ၁၄
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်အဆိုပြုသည့် အစ္စရေးနှင့်ဟားမက်စ်တို့အကြား ဂါဇာ ငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့် ဓားစာခံနှင့်အကျဉ်းသားများလဲလှယ်မှုမှာပင် ပြဿနာ များစွာရှိနေပြီး အပစ်အခတ်ရပ်စဲရေးနယ်မြေအဖြစ် အဝါရောင်စည်းသတ်မှတ်ထားရာ နေရာသို့ အစ္စရေးတပ်များ ဆုတ်ခွာပေးသော်လည်း ပါလက်စတိုင်းမှ စည်းကျော်ဝင်ရောက်လာသူ ၇ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသသို့ ဒေါ်နယ်ထရမ့်ကိုယ်တိုင် လာရောက်ပြီး ငြိမ်းချမ်းရေးသဘောတူချက် အတွက် ဂုဏ်ယူမိန့်ခွန်းပြောကြားပြီး နာရီပိုင်းအကြာမှာပင် အစ္စရေးစစ်တပ်က မိမိတို့ ကန့်သတ်မှု အား လိုက်နာကာ ဆုတ်ခွာပေးသည့် အဝါရောင်းစည်းအတွင်း ဝင်ရောက်လာသဖြင့် ပါလက်စတိုင်း ၇ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟု ထုတ်ပြန်ကြေညာသွားခဲ့သည်။
ဂါဇာအတွင်း အစ္စရေးတပ်များ အဝါရောင်စည်းသို့ ပြန်ဆုတ်ခွာပေးပြီးနောက် ဟားမက်စ်တို့သည် ဂါဇာတွင်းမှ ရန်သူတော် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာလုရှင်းလင်းမှုများလုပ်ဆောင်နေရာ ရက်ပိုင်းအတွင်း အယောက် ၃၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့သည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည်။
ထိုအခြေအနေတွင် ဓားစာခံအဖြစ် လွှတ်ပေးရာ၌ ရှင်လျှက် အယောက် ၂၀ လွတ်လာသော်လည်း သေဆုံးပြီး ၂၈ ဦးအနက် ၄ ဦးအလောင်းသာ ပြန်ပို့ပေးသဖြင့် အစ္စရေးက အောက်တိုဘာ ၁၅ ရက်၌ ကျန်ရှိ ဓားစာခံအလောင်းအားလုံး ပြန်ပို့ပေးရန် နောက်ဆုံးသတ်မှတ်ရက်ပေးပြီး ဟားမက်စ်ကို ခြိမ်းခြောက်ထားရာ ငြိမ်းချမ်းရေးအပြီးတည်ဆောက်နိုင်ရေး မလွယ်ကူနိုင်သေးကြောင်း သုံးသပ်နေ ကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ပါလက်စတိုင်း
#ဂါဇာ
#အဝါရောင်စည်း








