မဲခေါင်၊ အောက်တိုဘာ ၉
အောက်တိုဘာ ၇ ရက်တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သော ရုရှားအာဏာရှင် ပူတင်သည် နိုင်ငံ အာဏာကို ၂၅ နှစ်ကြာ ချုပ်ကိုင်ထားနိုင်ရေးတွင် ဆိုဗီယက်ခေတ် ကေဂျီဘီထောက်လှမ်းရေးများ တွင်တွင်သုံးသည့် Kompromat ခေါ် နိုင်ငံရေးပြိုင်ဘက်များအား နာမည်ပျက်စေမည့် လိင်ပိုင်း၊ ငွေပိုင်းဆိုင်ရာ အထောက်အထားများအား ဖန်တီးရယူကာ အကျပ်ကိုင်ခြိမ်းခြောက်ခြင်းဖြင့် အာဏာ ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်ဟု စပိုင်နည်းဗျူဟာ Kompromat ကျွမ်းကျင်သူ ဗြိတိန်ထောက်လှမ်း ရေးအရာရှိဟောင်း ဖိလစ်အင်ဂရမ်က The Sun သတင်းဌာနနှင့် အင်တာဗျူးတွင် ရှင်းပြသွားခဲ့သည်။
ယင်း Kompromat ဆိုသည့် ရန်သူနှင့်ပြိုင်ဘက်များအား ခေါင်းမထောင်နိုင်ရေး လိင်ဖောက်ပြန်မှု၊ အရှက်ရစေမှု၊ မူးယစ်ဆေး၊ လာဘ်စားမှု၊ အကြွေး၊ လောင်းကစားအမူအကျင့်အပါ အခြားသော မကောင်းကြောင်းများကို မရအရ ဖန်တီးကာ မှတ်တမ်းရယူခြင်းဖြင့် အကျပ်ကိုင်ခြင်း၊ သစ္စာခံခိုင်းခြင်း၊ သတ်စရာမလိုဘဲ ပြိုင်ဘက်အဖြစ်မှ ဖြုတ်ချခြင်းထောက်လှမ်းရေးဗျူဟာကို ၁၉၃၀ ပြည့်လွန်နှစ်များက ဆိုဗိယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်လက်ထက်ကတည်းက စတင် အသုံးပြုခဲ့ခြင်းဖြစ်ကာ ထင်ရှား ပေါ်ပေါက်ခဲ့မှုသည် ၁၉၉၉ ခုနှစ်က ပူတင်အာဏာရှင်ဖြစ်လာချိန်တွင် အဆိုးရွားဆုံးအဖြစ် တစ်ကျော့ ပြန်ပေါ်ပေါက်လာသည်။
ထိုစဉ်က ရုရှားသမ္မတသည် ဘောရစ်ယဲလ်ဆင်ဖြစ်ကာ ပူတင်သည် ဆိုဗီယက်ခေတ်က KGB (ရုရှား ခေတ်တွင် FSB) ဆိုသည့် ထောက်လှမ်းရေး အရာရှိဖြစ်သည့်အလျှောက် နိုင်ငံအာဏာကို ဆက်ခံရယူ နိုင်ရေး ယဲလ်ဆင်၏ မဟာ ရန်ဘက် ထိပ်တန်းရှေ့နေ ယူရီဆကူရာတော့ဗ်အား ရေနံခရိုနီသူဌေးများနှင့် ပတ်သက်မှုတွင် လာဘ်စားခဲ့သည့် သက်သေများအား ရယူကာ ဖြုတ်ချနိုင်ရေး စီစဉ်ပေးခဲ့သည်။
တစ်ရက်တွင် ဆကူရာတော့ဗ်သည် ဇနီးမဟုတ်သော အမျိုးသမီး ၂ ဦးနှင့်အိပ်ယာပေါ် ရှိနေသည့် ဗီဒီယို မှတ်တမ်းအား နိုင်ငံပိုင် ရုပ်သံမှာပင် Three in a Bed ခေါင်းစဉ်ဖြင့် ဖွင့်ချလိုက်ပြီး ဗီဒီယိုထဲတွင်ပါသူ သည် ဆကူရာတော့ဗ်ဟု ပူတင်ကိုယ်တိုင်က အတည်ပြုခဲ့သည်။
ထို့ကြောင့် သမ္မတ ယဲလ်ဆင်က ရုရှား အုပ်ချုပ်ရေးကွန်ရက်တွင် နယ်ရုပ်လေးအဖြစ်သာ သတ်မှတ်သည့် ဝန်ကြီးချုပ်ရာထူးအား ပူတင်ကို ပါးနပ်သည့်လူယုံအဖြစ်အသိအမှတ်ပြုကာ ပေးခဲ့ရာမှ ယခုအထိ ရုရှား အချုပ်အခြာကို ပူတင်က အာဏာရှင်အဖြစ် ပြိုင်ဘက်ကင်း ဆက်လက်အုပ်စိုးနေနိုင်ခြင်းဖြစ်သည်ဟု ပထဝီနိုင်ငံရေး အထူး ကျွမ်းကျင်သူ အန်တိုနီဂလီးစ်က ထောက်ပြဖော်ထုတ်သွားခဲ့သည်။
အင်ဂရမ်ကလည်း ဆိုဗီယက်ခေတ်ကတည်းက ထောက်လှမ်းရေးနည်းပညာတွင် အဓိက သုံးသည့် Kompromat စနစ်သည် နှစ် ၁၀၀ နီးပါးရှိကာ ဟောင်းသော်လည်း ပညာသားပါလွန်းနေဆဲ ထောက်လှမ်းရေးနစ်စနစ်အဖြစ် ရှိဆဲဟု ဆိုခဲ့သည်။
ပူတင်သည် ၂၀၁၀ ခုနှစ်ကလည်း အချိန်ပိုင်းမော်ဒယ် မူမူ ဆိုသူအား ဂျာနယ်လစ်တစ်ဦးဟု အတိုက်အခံပြိုင်ဘက်များကို အယုံသွင်းကာ သူမအခန်းသို့ခေါ်သွားပြီး လိင်ပိုင်းဆိုင်ရာ ဖျားယောင်းခြင်းဖြင့် ဗီဒီယိုမှတ်တမ်းများရိုက်ကူးရာတွင် မူးယစ်ဆေးပါ သုံးစေခဲ့သည့် မှတ်တမ်းဖြင့် ခြိမ်းခြောက်ကာ အားလုံးကို ဦးချိုးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်က ဝန်ကြီးချုပ် မစ်ဟေးကက်စ်ယာနော့ဗ်နှင့် ၎င်း၏ ကိုယ်ရေး အရာရှိမလေး အိပ်ယာထဲအတူရှိသည့် ရုပ်သံမှတ်တမ်းကို ရုရှား အစိုးရ ရုပ်သံတွင် ရွေးကောက်ပွဲမတိုင်ခင် ၅ လအလို၌ ဖွင့်ချလိုက်မှုသည်လည်း အာဏာလုရန် ယှဉ်လာနိုင်မှုအား ရိုက်ချိုးသည့်အနေဖြင့် ပူတင်သာ ဦးဆောင် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်အင်ဂရမ်က မီးမောင်း ထိုး ပြောဆိုသွားခဲ့သည်။
ပူတင်သည် ညစ်ပတ်ယုတ်မာသည့် Kompromat နည်းကို ပြည်ပနိုင်ငံများအရေးတွင်လည်း ခြိမ်းခြောက်မှုနှင့် ဝင်ရောက်စွက်ဖက်ကာ ခြယ်လှယ်မှုများရှိခဲ့သည်။
၂၀၂၃ ခုနှစ်က တူရကီတွင် သမ္မတ လောင်းအဖြစ် ထောက်ခံမှုများပြားလာသော မူဟာရမ်အင့်စ်ပါဝင်သည့် လိင်ဆက်ဆံမှု ရုပ်သံမှတ်တမ်း ပျံ့နှံ့ခဲ့ခြင်းမှာ ပူတင်လက်ချက်ပင်ဖြစ်ကာ ၂၀၀၉ ခုနှစ်က ဗြိတိန်သံတမန် တစ်ဦး ယီကက်ထရင်ဘတ်သို့ သွားရောက်လည်ပတ်ပြီးနောက် ပြည့်တန်ဆာ ၂ ယောက်နှင့်ပတ်သက်သည့် ဓာတ်ပုံများ ပျံ့နှံ့ထွက်ပေါ် ကာ နုတ်ထွက်လိုက်ရမှုသည်လည်း ရုရှားသို့သွားသည့် ထိပ်တန်းပုဂ္ဂိုလ်များ မည်သည့်ဟိုတယ်တွင်တည်းတည်း အချိန်ပြည့် ထောက်လှမ်းရေးကင်မရာများအောက်တွင်သာ ရှိသည်ကို သတိပြုရမည်ဟု အင်ဂရမ်က ဆက်လက်ထောက်ပြပြောဆိုသွားခဲ့သည်။
အာဏာကို အာသာငမ်းငမ်း မသေမချင်းစွန့်လွှတ်လိုစိတ်မရှိတော့ ပူတင်အတွက် Kompromat စပိုင် နည်းဗျူဟာသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗိယက်ပြည်ထောင်စုကြီး ပြိုကွဲစေခြင်း၌ အဓိကကျသော ညစ်ညမ်းသပ်လျှို အာဏာလုမှုကြောင့်ဖြစ်ကာ ဂျာမနီနိုင်ငံအတွင်းရေးတွင်လည်း ပူတင်သည် အဆိုပါ နည်းဖြင့် သပ်လျှို့ကာ စွက်ဖက်စိုးမိုးနိုင်ရေး လုပ်ဆောင်မှုများရှိခဲ့သည်ဟု အင်ဂရမ်က ဆွေးနွေးပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#ရုရှား
#အာဏာချုပ်ကိုင်
#စပိုင်နည်းဗျူဟာ








