ကမ္ဘာ့သတင်း

ငြိမ်းချမ်းရေးကမ်းလှမ်းချက် အားလုံး လက်ခံရန် ကြန့်ကြာနေပါက သွေးချောင်းစီးမည်ဟု ဟားမက်စ်ကို ဒေါ်နယ်ထရမ့်သတိထပ်ပေး

မဲခေါင် 7 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၇ သက်ဆိုင်သူအားလုံး အမြန်ဆုံးလှုပ်ရှားကာ အစ္စရေးနှင့်ဟားမက်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူ ညီမှု ရယူခြင်းကြန့်ကြာနေပါက ဂါဇာတွင် သွေးချောင်း ထပ်စီးရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံသတိပေးသွားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ယခုသီတင်းပတ်ကုန်တွင် ဟားမက်စ်တို့ ဖမ်းဆီးထားသော လက်ကျန်ဓားစာခံအားလုံး ပြန်လွှတ်ပေးရန် သဘောတူညီမှုရထားပြီး ထရမ့်တင်ပြသည့် ငြိမ်းချမ်းရေး အဆို အချက် ၂၀ တွင် တချို့သောအချက်များကို ဟားမက်စ်ဘက်မှ လက်ခံသော်လည်း ထပ်ဆွေးနွေးရ မည့်အနေအထားမျိုး တုံ့ပြန်ထားသည်။ အီဂျစ်အပန်းဖြေမြို့ ရှမ်းအယ်လ်ရှိတ်ခ်တွင် ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက် အချက် ၂၀ နှင့်ပတ်သက်ပြီး သဘောတူညီနိုင်ရေး အမေရိကန်၊ အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများမှ ငြိမ်းချမ်းရေး ကြားပွဲစားများ ဆွေးနွေးနေပြီး

မဲခေါင်၊ အောက်တိုဘာ ၇

သက်ဆိုင်သူအားလုံး အမြန်ဆုံးလှုပ်ရှားကာ အစ္စရေးနှင့်ဟားမက်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူ ညီမှု ရယူခြင်းကြန့်ကြာနေပါက ဂါဇာတွင် သွေးချောင်း ထပ်စီးရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံသတိပေးသွားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ယခုသီတင်းပတ်ကုန်တွင် ဟားမက်စ်တို့ ဖမ်းဆီးထားသော လက်ကျန်ဓားစာခံအားလုံး ပြန်လွှတ်ပေးရန် သဘောတူညီမှုရထားပြီး ထရမ့်တင်ပြသည့် ငြိမ်းချမ်းရေး အဆို အချက် ၂၀ တွင် တချို့သောအချက်များကို ဟားမက်စ်ဘက်မှ လက်ခံသော်လည်း ထပ်ဆွေးနွေးရ မည့်အနေအထားမျိုး တုံ့ပြန်ထားသည်။

အီဂျစ်အပန်းဖြေမြို့ ရှမ်းအယ်လ်ရှိတ်ခ်တွင် ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက် အချက် ၂၀ နှင့်ပတ်သက်ပြီး သဘောတူညီနိုင်ရေး အမေရိကန်၊ အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများမှ ငြိမ်းချမ်းရေး ကြားပွဲစားများ ဆွေးနွေးနေပြီး ထရမ့်၏ သားမက် ဂျရတ်ကွတ်ရှနာ အီဂျစ်သို့ရောက်နေပြီး အရှေ့ အလယ်ပိုင်းဒေသသို့ ပူတင်၏ လက်ရုံး စတိဗ်ဝပ်ကော့ဖ် ရောက်ရှိနေပြီဖြစ်သည်။

ယင်းအခြေအနေတွင် ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social ပေါ်၌ ဟားမက်စ်၊ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးနေသည့် နိုင်ငံများအကြား ဆွေးနွေးမှုများသည် အလွန်အားတက်ဖွယ်ရာ အကောင်းမြင်ရလဒ်များဖြစ်ပေါ်နေကြောင်း၊ အောက်တိုဘဘာ ၆ ရက်တွင် အီဂျစ်၌ ထပ်တွေ့ဆုံပြီး နောက်ဆုံးပိတ်သဘောတူညီချက်ရရေး ဆွေးနွေးမည်ဖြစ်ကာ ယခုတစ်ပတ်အတွင်း ပထမအဆင့် သဘောတူညီချက် ရရှိစေရမည်ဟု ပြောဆိုသွားခဲ့သည်။

ပါဝင်သူအားလုံး အမြန်ဆုံး စာချုပ်နိုင်ရေး လုပ်ဆောင်ကြရန်နှင့် ထပ်မံကြန့်ကြာနေပါက စိတ်ရှည်သီးခံစရာမရှိတော့ဘဲ မည်သူမျှ မမြင်ချင်သည့် သွေးချောင်းစီးမှုမျိုး ဂါဇာတွင် ဖြစ်သွားရလိမ့်မည်ဟု ရေးသားကာ သတိထပ်ပေးသွားခဲ့သည်။

ဟားမက်စ်သည် အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု၌ ဓားစာခံ ၂၅၁ ယောက်ကို ဖမ်းဆီးခေါ် ဆောင်သွားကာ လက်ရှိတွင် ဂါဇာအတွင်း ရှိနေသေးသည့် ဓားစာခံ ၄၇ ယောက်ကျန်ရှိနေသေးသည်။ အစ္စရေးစစ်တပ်က ထိုကျန်ရှိဓားစာခံများထဲမှ ၂၅ ယောက်သည် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်နှင့် ဓားစာခံများလွှတ်ပေးရန် စီစဉ်နေချိန် အစ္စရေးအနေဖြင့် ဂါဇာအတွင်း ဗုံးကျဲတိုက်ခိုက်မှုများ မလုပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အောက်တိုဘာ ၅ ရက်က ပန်ကြားသော်လည်း ထိုနေ့မှာပင် အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာအတွင်း အနည်းဆုံး အယောက် ၂၀ သေဆုံးခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#ဂါဇာ
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now