မဲခေါင်၊ အောက်တိုဘာ ၆
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီးမားခရိုင် ဆန်ပါဆစ်လမ်းပေါ်ရှိ နေအိမ်တစ်လုံးအတွင်း အောက်တိုဘာ ၄ ရက် ညအစောပိုင်းက ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည်။
နခွန်ရတ်ချာဆီးမား ဗဟိုအကျဉ်းထောင်မှ ထောင်မှူးဖြစ်သူသည် မကြာသေးမီက ၎င်းနှင့် ပြတ်စဲခဲ့ပြီးဖြစ်သည့် ဇနီးဟောင်းမှ နောက်ထပ်ချစ်သူအသစ်အဖြစ် ထောင်စောင့်နှင့် ချစ်ကြိုက်နေသည်ကို သိပြီးနောက် ဇနီးဟောင်း၊ ထောင်စောင့် တို့ကို ပစ်သတ်ပြီး ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။
ထောင်မှူးနတ်သာပွန်နှင့်ပြတ်စဲပြီးသည်နှင့် ဇနီးသည်ဖြစ်သူ ထောင်တွင်းသူနာပြုချုပ်အဆင့်ရှိ မစ္စ တရာကူလ်က ၄၂ နှစ်အရွယ် ထောင်စောင့်အသစ် ဗီချစ်ဆိုသူဖြင့် ဇာတ်လမ်းရှိခဲ့သဖြင့် မနာလိုဖြစ်ခြင်းမှ ယခုလို ၃ လောင်း ပြိုင်သေဆုံးမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု သိရှိရသည်။
တရာကူလ် နှင့်နတ်သာပွန်တို့သည် မဟာရတ်ဆေးရုံရောက်မှ သေဆုံးပြီး ဗီချစ်မှာမူ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ထောင်မှူး
#အချစ်ရေး
#အဆုံးစီရင်








