မဲခေါင်၊ စက်တင်ဘာ ၂၉
စက်တင်ဘာ ၂၇ ရက်က အိန္ဒိယနိုင်ငံတောင်ပိုင်း၌ နိုင်ငံရေးစည်းရှုံးဟောပြောသည့်ပွဲတွင် လူပြိုပိမှု ကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ထိုစည်းရုံးလှုံ့ဆော်မှုတွင် နာမည်ကြီး တမီလ်မင်းသားလည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်သည့် ဗီဂျေးအား ထောက်ခံအားပေးရန် တက်ရောက်လာသူများသည် ၅၀၀၀၀ ကျော်အထိ များပြားခဲ့သဖြင့် လူအုပ်ကြီးအတွင်း ဖိအားကြောင့် မူးနောက်အော့အန်မှုများဖြစ်ကာ အထိတ်တလန့်ဖြင့် လူပြိုမှုဖြစ် ပွားသဖြင့် အနည်းဆုံး ၃၉ ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။
ဗီဂျေးသည် တမီလ်လာဂါဗက်ထရီကက်ဇ်ဟာဂမ်ပါတီကိုယ်စားပြု အမတ်အဖြစ် မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ရာတွင် သတ်မှတ်ခွင့်ပြုပရိသတ်သည် ၁၀၀၀၀ မကျော်ရဟုဆိုသော်လည်း မင်းသား လည်းဖြစ်သောကြောင့် ထောက်ခံအားပေးသူပေါင်း ၅၀၀၀၀ ကျော် တက်ရောက်ရာမှ စင်မြင့်ထက် စည်းရုံးဟောပြောမှုပင် မလုပ်နိုင်တော့ဘဲ လှည်လည်ဟောပြောမှုကို ရပ်ဆိုင်းလိုက်ရသည်။
တမီလ်နာဒူကျန်းမာရေးဝန်ကြီး မာဆူဘရာမာနီယန်က သေဆုံးသူများထဲတွင် အနည်းဆုံး ကလေး ၆ ယောက်၊ အမျိုးသမီး ၁၆ ယောက်ပါဝင်ခဲ့သည်ဟု ဆိုသည်။ လူပြိုပိမှုကြောင့် ကုသမှုခံယူခဲ့ရသူပေါင်း လည်း ၄၀ ကျော်ထပ်ရှိခဲ့ရာ ဒေသတွင်းမှ ဆရားဝန်နှင့် မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အနည်း ဆုံး ၄၄ ယောက်ကိုလည်း အားချင်း စေလွှတ်စေခဲ့ကြောင်း သိရှိရသည်။
တမီလ်နာဒူပြည်နယ်ရှိ ကာရာအရပ်တွင် ဖြစ်ပွားခဲ့သော ယင်းကြေကွဲစရာ သေဆုံးမှုများအတွက် အထူး ဝမ်းနည်းကြောင်း၊ သေဆုံးသူများ၏ မိသားစုနှင့် ထပ်တူရှိနေမည်ဖြစ်ကြောင်း ဒဏ်ရာရသူများ အမြန်ဆုံးကောင်းမွန်စေရန် အရှိန်မြှင့်လုပ်ဆောင်မည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူမှုကွန်ရက် X တွင် ရေးတင်သွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အိန္ဒိယ
#ဗီဂျေး
#လူအုပ်ပြို
#တမီလ်နာဒူ








