မဲခေါင်၊ စက်တင်ဘာ ၂၆
၈၂ နှစ်ရှိပြီဖြစ်သော သမ္မတဟောင်း ဂျိုးဘိုင်ဒန်၏ အသိဉာဏ်မေ့လျော့တတ်မှုများကို မေးခွန်းထုတ်ကာ သမ္မတစ်ဦးအနေဖြင့် တိုင်းပြည်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်စွမ်းမရှိဘဲ လက်မှတ်ကို ထပ်ကာထပ်ကာ ကိုယ်တိုင်မထိုးဘဲသုံးရန် ထားရှိပေးသည့် Autopen သမ္မတဟု စွပ်စွဲခဲ့သည့်အတိုင်း ယခု အိမ်ဖြူတော် သမ္မတအဆက်ဆက် ပုံတူများထားရှိကာ Presidential Walk of Fame နံရံတွင် ဒေါ်နယ်ထရမ့်သည် ဂျိုးဘိုင်ဒန် ပုံတူကိုဖြုတ်ချကာ ၎င်း၏ အော်တိုပင် လက်မှတ်ကို အစားထိုး ချိတ် ဆွဲလိုက်သည်။
၎င်းဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းကို အိမ်ဖြူတော်ဆက်ဆံရေးအကြံပေး မာဂိုမာတင်က အိမ်ဖြူတော် တရားဝင် အင်စတာဂရမ်လူမှုကွန်ရက်အကောင့်၌ တင်ခဲ့ပြီး အားလုံးကို အသိပေးသွားခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယိုတွင် စာသားအဖြစ် the new walk of fame ဟု ရေးထိုးထားကာ သမ္မတသက်တမ်း ၂ ဆက်တာဝန်ယူသည့် ဒေါ်နယ်ထရမ့် အဖြူအမဲ ပုံ ၂ ခုအကြား ထားရှိလိုက်ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲရှုံးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ကို အော်တိုပင် သမ္မတ ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လက ဂျိုးဘိုင်ဒန် သမ္မတရာထူး ရယူခဲ့စဉ်ကာလက အော်တိုပင် လက်မှတ် အသုံးပြုခြင်းများအားလုံးကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဘိုင်ဒန်သည် အသိဉာဏ်မေ့လျော့ မှုများ မကြာခဏဖြစ်သည့်အတွက် နိုင်ငံ၏ အရေးပါသော သမ္မတလက်မှတ်များကို ကိုယ်တိုင်မထိုးဘဲ အကြိမ်ကြိမ် ကော်ပီယူသုံးနိုင်သည့် အော်တိုပင် လက်မှတ် ထားရှိသူဟု စွပ်စွဲခဲ့သည်။
ပြည်ပ အထောက်အပံ့များ၊ လွတ်ငြိမ်းချမ်းသာခွင့်များ၊ သမ္မတ အမိန့်များ၊ ဥပဒေပြုမှုများ၊ ကြေညာချက်များ စွာတွင် ဂျိုးဘိုင်ဒန်သည် သမ္မတ တစ်ဦးအဖြစ် ကိုယ်ပိုင်ဆုံးဖြတ်လက်မှတ်ထိုးနိုင်စွမ်းမရှိသဖြင့် အော်တိုပင် သုံးခြင်းမှ နိုင်ငံအခြေအနေများ ဆိုးရွားခဲ့ရမှုအတွက် စုံစမ်းမည်ဟုလည်း ထရမ့်၏ အမေရိကန်လွတ်ငြိမ်းချမ်းသာခွင့် ရှေ့နေ အက်ဒ်မာတင်က ပြောဆိုသွားခဲ့သည်။
ဂျိုးဘိုင်ဒန်က ထရမ့်၏ စွပ်စွဲချက်များကို တန်ပြန်ကာ မိမိသမ္မတသက်တမ်းလျောက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ ရေးထိုးခဲ့သည့် လက်မှတ်များအားလုံး၏ ရည်ရွယ်ချက်နှင့် အကျိုးတရားများသည် အမှားအယွင်း မရှိခဲ့ဘဲ သမ္မတအမိန့် ဆုံးဖြတ်ချက်များဖြင့် ကိုယ်တိုင် ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ထရမ့်ကိုယ်တိုင်သည်လည်း အော်တိုပင် ကို အသုံးပြုခဲ့ကြောင်း ဝန်ခံထားပြီး အလွန် အရေးမပါသည့် ကိစ္စရပ်များတွင်သာ မိမိ၏ အော်တိုပင်ကို အကြိမ်နည်းပါးစွာ သုံးခဲ့သည်ဟု ဆိုသည်။
အော်တိုပင်ကို ၂၀၀၅ ခုနှစ်က အမေရိကန်သမ္မတ ဂျော့ချ် ဘုရှ်လက်ထက် စတင် တီထွင်ထားရှိခြင်းဖြစ် ကာ ဘာရတ်အိုဘားမားသည် ထို အော်တိုပင် လက်မှတ်အား ၂၀၁၁ မေတွင် စသုံးခြင်းဖြင့် အမေရိကန် သမ္မတသမိုင်း၌ အော်တိုပင် စတင်အသုံးပြုသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂျိုးဘိုင်ဒန်
#ဒေါ်နယ်ထရမ့်
#အိမ်ဖြူတော်
#အော်တိုပင်
#အိုဘားမား








