ကမ္ဘာ့သတင်း

ဒိန်းမတ်ပြီးနောက် ပြင်သစ် လေတပ်ပေါ်ပါ ထူးဆန်းသည့် ဒရုန်းများ ကျူးကျော်ရောက်ရှိလာပြန်

မဲခေါင် 26 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၆ ဒိန်းမတ်နိုင်ငံရှိ လေဆိပ် ၄ ခုပေါ် ၂ ရက်ဆက် ထူးဆန်းသည့် ဒရုန်းများစွာ ကျူးကျော်ပျံသန်းနေခဲ့သလို ယင်းပုံစံအတိုင်း ပြင်သစ်နိုင်ငံ လေတပ်အခြေစိုက်စခန်းပေါ်သို့လည်း ဒရုန်းများ စက်တင်ဘာ ၂၅ ရက်က ထပ်မံ တွေ့ရှိရပြန်သည်။ ဒိန်းမတ်နိုင်ငံရှိ အရေးပါသော လေဆိပ်ကြီး ၄ ခုပေါ်သို့ ထူးဆန်းသည့် ဒရုန်းများ ၂ ညဆက်တိုက် ကျူးကျော်ပျံသန်းလာသဖြင့် မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်းနေရာ ထိုဖြစ်ရပ်များနှင့်တိုက်ဆိုင်စွာ မသင်္ကာဖွယ်ရာ ရုရှားသင်္ဘော ၃ စီး ကမ်းလွန်ဒေသတွင် ရှိနေကြောင်း သိရှိရသည်ဟု ဒိန်းမတ် ထောက်လှမ်းရေးမှ ထုတ်ပြန်ခဲ့သည်။ နော်ဒစ်ဒေသရှိ အရေးအပါဆုံးသော ကိုပင်ဟေဂင်လေဆိပ်ပေါ်တွင် များစွာသော ဒရုန်းများ စက်တင်ဘာ

မဲခေါင်၊ စက်တင်ဘာ ၂၆

ဒိန်းမတ်နိုင်ငံရှိ လေဆိပ် ၄ ခုပေါ် ၂ ရက်ဆက် ထူးဆန်းသည့် ဒရုန်းများစွာ ကျူးကျော်ပျံသန်းနေခဲ့သလို ယင်းပုံစံအတိုင်း ပြင်သစ်နိုင်ငံ လေတပ်အခြေစိုက်စခန်းပေါ်သို့လည်း ဒရုန်းများ စက်တင်ဘာ ၂၅ ရက်က ထပ်မံ တွေ့ရှိရပြန်သည်။

ဒိန်းမတ်နိုင်ငံရှိ အရေးပါသော လေဆိပ်ကြီး ၄ ခုပေါ်သို့ ထူးဆန်းသည့် ဒရုန်းများ ၂ ညဆက်တိုက် ကျူးကျော်ပျံသန်းလာသဖြင့် မည်သူ့လက်ချက်ဖြစ်သည်ကို စုံစမ်းနေရာ ထိုဖြစ်ရပ်များနှင့်တိုက်ဆိုင်စွာ မသင်္ကာဖွယ်ရာ ရုရှားသင်္ဘော ၃ စီး ကမ်းလွန်ဒေသတွင် ရှိနေကြောင်း သိရှိရသည်ဟု ဒိန်းမတ် ထောက်လှမ်းရေးမှ ထုတ်ပြန်ခဲ့သည်။

နော်ဒစ်ဒေသရှိ အရေးအပါဆုံးသော ကိုပင်ဟေဂင်လေဆိပ်ပေါ်တွင် များစွာသော ဒရုန်းများ စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်တို့တွင် ၂ ရက်ဆက် ကျူးကျော်ပျံသန်းရောက်ရှိလာသဖြင့် နေတိုးအဖွဲ့ စည်းမျဉ်း Article 4 အသုံးပြုကာ အစည်းအဝေးခေါ်ယူရန် စဉ်းစားနေသည်။

ဒိန်းမတ် ထောက်လှမ်းရေးအဖွဲ့က မိမိတို့နိုင်ငံသည် အဖျက်အမှောင့်အန္တရာယ်ကြီးမားစွာ ရောက်ရှိလာနေပြီဟု ထုတ်ပြန်ခဲ့သည်။

ယင်းဒရုန်းများ မည်သည့်နေရာမှ မည်သူ့လက်ချက်ဖြင့်ရောက်လာသည်ဆိုခြင်းကို သက်သေတစ်စွန်းတစ်စမှ မရသေးသော်လည်း ဒိန်းမတ် ကမ်းလွန်ပင်လယ်ပြင်တွင် ရုရှား၏ နာမည် ဆိုးဖြင့်ကျော်ကြားကာ ပိတ်ဆို့အရေးယူခံထားရသည့် အရိပ်ရေယာဉ်စု (shadow fleet) မှ ရုရှား သင်္ဘော ၃ စီးရှိနေသည်ကို စုံစမ်းသိရှိရကာ ထိုဒရုန်းများကို အဆိုပါ သင်္ဘောများပေါ်မှ ထိန်းချုပ် စေလွှတ်ခြင်းဖြစ်မည်ဟု ယူဆကြောင်း ဒိန်းမတ်ထောက်လှမ်းရေးက ဆိုသည်။

ပြင်သစ်အရှေ့ပိုင်း မာနီအရပ်ရှိ Mourmelon-le-Grand လေတပ်အခြေစိုက်စခန်းပေါ် ဒရုန်းများ ကျူးကျော်ပျံသန်းရောက်ရှိ လာသဖြင့် လုံခြုံရေးတိုးမြှင့်ခဲ့ရသော်လည်း မည်သည့် သက်သေမှ မရနိုင် သေးကြောင်း ပြင်သစ်အာဏာပိုင်များက ကြေညာခဲ့သည်။

ယင်းလေတပ်စခန်းသည် မနှစ်က ယူကရိန်းစစ်သားများကို လေ့ကျင့်သင်ကြားပေးခဲ့သောစခန်းလည်းဖြစ်ရာ ရုရှားလက်ချက်ဟုသာ ထင်ကြေးပေးနေကြပြီး နေတိုးနှင့်ရုရှားတို့ ထိပ်တိုက်တွေ့မည့် တတိယ ကမ္ဘာစစ် စတင်ရန် နီးကပ်လာ ပြီး စိုးရိမ်နေကြရပြီဖြစ်သည်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ရုရှားဖိုက်တာဂျက်လေယာဉ်များ ကျူးကျော်ဝင်ရောက်လာလျှင် ပစ်ချသင့်သည်ဟု ပြောဆိုခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်က အမေရိကန်၏ အလက်စကားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ပေါ် ရုရှား၏ နျူကလီးယားတင်ဆောင် နိုင်စွမ်းရှိ ဖိုက်တာဂျက်လေယာဉ် ၄ စီး ကျူးကျော်ဝင်ရောက်လာခဲ့သေးသဖြင့် အမေရိကန်နှင့် ကနေဒါ မှ ဖိုက်တာဂျက်လေယာဉ်များဖြင့် ကြားဖြတ်တားဆီးမှုများ လုပ်ခဲ့ရသေးသည်။

တပြိုင်တည်းပင် ယူကေ ရေပိုင်နက်မြောက်ပင်လယ် နှင့် အင်္ဂလိပ်ရေလက်ကြားတို့သို့ ရုရှား ကုန်တင်သင်္ဘော Sparta IV ဝင်ရောက်လာသဖြင့် ဗြိတိန် တော်ဝင်ရေတပ်ကလည်း စစ်ရဟတ်ယာဉ်များ ခြံရန်ကာ HMS Iron Duke စစ်သင်္ဘောကြီးကို စေလွှတ်စောင့်ကြည့်မှုများ လုပ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဒိန်းမတ်
#ပြင်သစ်
#ဒရုန်း
#ရုရှား
#ဗြိတိန်
#ကိုပင်ဟေဂင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now