မဲခေါင်၊ စက်တင်ဘာ ၂၂
အာရှ ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်သော ဟောင်ကောင်နိုင်ငံတကာလေဆိပ်သည် ဝင်ရောက်လာတော့မည့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာ (နန်ဒို) ကြောင့် ၃၆ နာရီ ပိတ်ပင်ထားရန် စီစဉ်ထားကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၂ ရက် မနက်တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရာဂါဆာ (နန်ဒို) စူပါတိုင်ဖွန်းမုန်တိုင်း အရိပ်အသက်များကို စတင်ခံစား လာရပြီဖြစ်ရာ အခြေအနေကို သေချာစွာစောင့်ကြည့်နေပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီမှ စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီအထိ လေကြောင်းလိုင်းများအားလုံး ပိတ်ထားရန်လည်း ကြိုတင် စီစဉ်လျာထားကြောင်း အဆိုပါ လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။
စက်တင်ဘာ ၂၂ ရက်အစောပိုင်းကတည်းက ရာဂါဆာမုန်တိုင်းသည် ဖိလစ်ပိုင်မြို့တော် မနီလာသို့ ဝင်ရောက်နေသဖြင့် စာသင်ကျောင်းများ၊ အလုပ်များ ပိတ်ထားပေးရပြီး အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင်မြောက်ပိုင်း လူဇွန်းဘက်မှတစ်ဆင့် ဟောင်ကောင်သို့ ဦးတည် ရွေ့လျားနေသည်။
ဖိလစ်ပိုင်သို့ စတင်ဝင်ရောက်နေသော ရာဂါဆာ (နန်ဒို) တိုင်ဖွန်းသည် တစ်နာရီလေတိုက်နှုန်း ၁၄၃ မိုင် (၂၃၀ ကီလိုမီတာ) ရှိကာ အသက်အန္တရာယ်များစွာ ရှိစေနိုင်သည့် တိုင်ဖွန်းအမျိုးအစားဖြစ်သောကြောင့် ဖိလစ်ပိုင်တွင် မုန်တိုင်းလွတ်ရာသို့ လူ ၂၀၀၀၀ ကျော် ရွှေ့ပြောင်းနေရသည်။
ပင်လယ်လှိုင်းအမြင့် သည် ၃ မီတာ (၁၀ ပေ) ဝန်းကျင်ရှိနေသည်ဟုလည်း ဖိလစ်ပိုင် မိုးလေဝသဗျူရိုက ထုတ်ပြန်ထားသည်။
မုန်တိုင်းသည် ဖိလစ်ပိုင်နှင့် မိုင် ၄၆၀ (၇၄၀ ကီလိုမီတာ) သာဝေးသည့် ထိုင်ဝမ်မှ ဟောင်ကောင်သို့ ဆက်လက် ရိုက်ခတ်မည်ဖြစ်သည်။
ကိုကလင်း
Ref: indiatoday
#MeKongNews
#ရာဂါဆာမုန်တိုင်း
#တိုင်ဖွန်းမုန်တိုင်း
#ဟောင်ကောင်
#လေဆိပ်








