ကမ္ဘာ့သတင်း

UK အပါ ဥရောပလေဆိပ်များစွာ ဆိုက်ဘာတိုက်ခိုက်ခံရမှု ပူတင်လက်ချက်ဟု ကျွမ်းကျင်သူများ ယုံကြည်

မဲခေါင် 21 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၁ စက်တင်ဘာ ၂၀ ရက်တွင် ယူကေရှိ လန်ဒန်ဟိသရိုးလေဆိပ်၊ ဘရပ်ဆဲလ်၊ ဘာလင်အပါအဝင် ဥရောပ ထိပ်တန်းလေဆိပ်ကြီးများ တစ်ပြိုင်တည်း ဆိုက်ဘာတိုက်ခိုက်မှုခံရသဖြင့် ခရီးစဉ်ပေါင်းများစွာ အနှောင့်အယှက်ဖြစ်ကာ ကြန့်ကြာခဲ့ရမှုတွင် တရားခံသည် ပူတင်သာဖြစ်မည်ဟု ကျွမ်းကျင်သူများက တစ်ညီတစ်ညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။ ယင်းဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းအချက်ပြစနစ်များ၊ check-in နှင့် လေယာဉ်ခရီးစဉ် ပရိုဂရမ်ရေးဆွဲမှုများအား ထိခိုက်ခဲ့ပြီး ခရီးသွားများစွာ လေဆိပ်များတွင် သောင်တင်ခဲ့ရသည်။ ဘရပ်ဆဲလ်လေဆိပ်တွင် automated systems များ မှန်ကန်စွာအလုပ်မလုပ်နိုင်တော့သဖြင့် manual check-in နှင့် boarding procedures များဖြင့်သာ လေကြောင်းခရီးစဉ်များကို ပြန်လည် စီမံရသဖြင့် ခရီးစဉ်များစွာ နှောင့်နှေးကြန့်ကြာခဲ့ရသလို ခရီးစဉ် ဖျက်သိမ်းရမှုများလည်း

မဲခေါင်၊ စက်တင်ဘာ ၂၁

စက်တင်ဘာ ၂၀ ရက်တွင် ယူကေရှိ လန်ဒန်ဟိသရိုးလေဆိပ်၊ ဘရပ်ဆဲလ်၊ ဘာလင်အပါအဝင် ဥရောပ ထိပ်တန်းလေဆိပ်ကြီးများ တစ်ပြိုင်တည်း ဆိုက်ဘာတိုက်ခိုက်မှုခံရသဖြင့် ခရီးစဉ်ပေါင်းများစွာ အနှောင့်အယှက်ဖြစ်ကာ ကြန့်ကြာခဲ့ရမှုတွင် တရားခံသည် ပူတင်သာဖြစ်မည်ဟု ကျွမ်းကျင်သူများက တစ်ညီတစ်ညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။

ယင်းဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းအချက်ပြစနစ်များ၊ check-in နှင့် လေယာဉ်ခရီးစဉ် ပရိုဂရမ်ရေးဆွဲမှုများအား ထိခိုက်ခဲ့ပြီး ခရီးသွားများစွာ လေဆိပ်များတွင် သောင်တင်ခဲ့ရသည်။

ဘရပ်ဆဲလ်လေဆိပ်တွင် automated systems များ မှန်ကန်စွာအလုပ်မလုပ်နိုင်တော့သဖြင့် manual check-in နှင့် boarding procedures များဖြင့်သာ လေကြောင်းခရီးစဉ်များကို ပြန်လည် စီမံရသဖြင့် ခရီးစဉ်များစွာ နှောင့်နှေးကြန့်ကြာခဲ့ရသလို ခရီးစဉ် ဖျက်သိမ်းရမှုများလည်း များစွာရှိခဲ့သည်။

အနောက်တိုင်းရှိ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ယခုဖြစ်စဉ်သည် အက်စတိုးနီးယား လေပိုင်နက်အတွင်း ရုရှား MiG-31 ဖိုက်တာဂျက်လေယာဉ်များ နေတိုးပိုင်းလော့များ၏ အချက်ပြသတိပေး သည့်ကြားမှ ဂရုမစိုက်ဘဲ ဝင်လာခဲ့ပြီး ၂၄ နာရီမကြာမီ ဖြစ်ပွားခြင်းဖြစ်သောကြောင့် နေတိုးနိုင်ငံများ အား ရုရှားအစိုးရ စပွန်ဆာပေးပြီး ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခြင်းသာဖြစ်မည်ဟု တထစ်ချ ယုံကြည် နေကြသည်။

လုံခြုံရေးနှင့်နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ အန်တိုနီဂလီးစ်က ပူတင်သည် အနောက်နိုင်ငံများ၏ အခြေခံအဆောက်အအုံများကို ဆန္ဒရှိသည့်အတိုင်း တိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း သက်သေပြလိုခြင်း ကြောင့် ရုရှားလုပ်ရပ်ဖြစ်သည်ဆိုခြင်းမှာ သံသယရှိစရာမလိုဟု ကောက်ချက်ချ ပြောဆိုသွားခဲ့သည်။

လုံခြုံရေးစပါယ်ရှယ်လစ် ဝီလ်ဂက်ဒက်စ်ကလည်း အနောက်နိုင်ငံများသို့ အဆိုးရွားဆုံး တိုက်ခိုက်မှု တစ်ခုအဖြစ် ဆိုက်ဘာတိုက်ခိုက်မှုလုပ်ရာတွင် နောက်ကွယ်၌ ရုရှားရှိနေမည်မှာ သေချာကြောင်း၊ ယခု အနောက်တိုင်း လေဆိပ်ကြီးများတွင် အများဆုံးအသုံးပြုနေသည့် Collins Aerospace ထုတ် ဆော့ဖ်ဝဲလ်များသည် နေတိုးစစ်အခြေစိုက်လေတပ်စခန်းများတွင်လည်း အသုံးပြုနေသည်ဖြစ်သောကြောင့် ရုရှားဘက်မှ လွယ်ကူစွာ ဆိုက်ဘာတိုက်ခိုက်မှုလုပ်နိုင်သည်မှာ စိုးရိမ်စရာလည်းဖြစ်သည်ဟု ကောက်ချက်ချ ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#ဥရောပ
#ဆိုက်ဘာတိုက်ခိုက်မှု
#ရုရှား
#လေကြောင်းခရီးစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now