ကမ္ဘာ့သတင်း

ပေါင်ဘီလီယံ ၄၀ လျှော့ချသည့် ဘတ်ဂျက်အသစ်ကို ပြင်သစ်နိုင်ငံတစ်ဝန်း လူတစ်သန်းကျော် ဆန္ဒပြ

မဲခေါင် 20 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၀ စက်တင်ဘာ ၁၈ ရက်က ပြင်သစ်နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် လက်ရှိပြင်သစ်သမ္မတ မက်ခရွန်း လာမည့်နှစ်အတွက်ချမှတ်လိုက်သော ချိုးခြံခြွေတာသည့် ဘတ်ဂျက်ကြောင့် ပေါင် ၄၀ ဘီလီယံ လျှော့ချမှုကို မကျေနပ်သဖြင့် ဆန္ဒပြမှုများသည် အဓိကရုဏ်အသွင်ဆောင်ခဲ့ပြီး ဆန္ဒပြသူ ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ Black Thursday ဟုအမည်ပေးထားသော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား သမဂ္ဂများ၊ ကျောင်းသားများ၊ ပြည်သူများ၊ ပင်စင်စားများပါဝင်သည့် ချီတက်ဆန္ဒပြမှုကို ပဲရစ်မှသည် မာဆေး၊ လိုင်ယွန်မှသည် တူးလုစ်စသည့် မြို့ကြီးများအနှံ့ သပိတ်စစ်ကြောင်း ၂၅၀ ကျော် ချီတက်ဆန္ဒပြရာတွင် ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များဖြင့် အဓိကရုဏ်းအသွင်ဆောင်ကာ မီးရှို့တိုက်ခိုက်မှုများဖြစ်ပွားပြီး အယောက် ၁၅၀ ကျော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်

မဲခေါင်၊ စက်တင်ဘာ ၂၀

စက်တင်ဘာ ၁၈ ရက်က ပြင်သစ်နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် လက်ရှိပြင်သစ်သမ္မတ မက်ခရွန်း လာမည့်နှစ်အတွက်ချမှတ်လိုက်သော ချိုးခြံခြွေတာသည့် ဘတ်ဂျက်ကြောင့် ပေါင် ၄၀ ဘီလီယံ လျှော့ချမှုကို မကျေနပ်သဖြင့် ဆန္ဒပြမှုများသည် အဓိကရုဏ်အသွင်ဆောင်ခဲ့ပြီး ဆန္ဒပြသူ ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

Black Thursday ဟုအမည်ပေးထားသော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား သမဂ္ဂများ၊ ကျောင်းသားများ၊ ပြည်သူများ၊ ပင်စင်စားများပါဝင်သည့် ချီတက်ဆန္ဒပြမှုကို ပဲရစ်မှသည် မာဆေး၊ လိုင်ယွန်မှသည် တူးလုစ်စသည့် မြို့ကြီးများအနှံ့ သပိတ်စစ်ကြောင်း ၂၅၀ ကျော် ချီတက်ဆန္ဒပြရာတွင် ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များဖြင့် အဓိကရုဏ်းအသွင်ဆောင်ကာ မီးရှို့တိုက်ခိုက်မှုများဖြစ်ပွားပြီး အယောက် ၁၅၀ ကျော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကျောင်းသားသမဂ္ဂမှ ကျောင်းဝင်ပေါက်များ ပိတ်ထားခြင်း၊ ရထားဝန်ကြီးဌာနဝန်ထမ်းများ ရုံးချုပ်သို့ ချီတက်ကာစုပေါင်း သပိတ်မှောက်မှု၊ ဆရာ၊ ဆရာမ ၃ ပုံ ၁ ပုံ ကျောင်းများမှ ထွက်ကာ ဆန္ဒပြမှု၌ ပါဝင်ခြင်းများကြောင့် ရဲတပ်ဖွဲ့ဝင် ၈၀၀၀၀၊ သံချပ်ကာ ၂၄ စီး၊ ရေအမြောက် ၁၀ စီးနှင့်ဒရုန်းများပါ သုံးပြီး လုံခြုံရေးတပ်ဖွဲ့များ အသည်းအသန် ထိန်းချုပ်ခဲ့ကြရသည်။

ပဲရစ်ရဲချုပ် လောရင်းနူနက်ဇ်က ဆန္ဒပြသူများထဲတွင် ပဲရစ်တစ်မြို့တည်း၌ မင်းမဲ့ဝါဒီ Black Bloc အဖွဲ့ဝင် ၁၀၀၀ ကျော်ပါဝင်ကာ ဖျက်လိုဖျက်ဆီးခြင်းများ လုပ်ဆောင်သဖြင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု ဆိုသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက မွန်လွဲပိုင်းထုတ်ပြန်မှုမှာပင် ၉၄ ဦးဖမ်းမိကာ ၁၅ ဦးမှာ ပဲရစ်မှဖြစ်ပြီး မီးရထားလမ်းနှင့်ကားလမ်းများပိတ်ဆို့ရန် နေရာ ၂၀ တွင် မီးရှို့မှုများ လုပ်ခဲ့သည်ဟု ဆိုကာ တစ်နေ့တာ ဖမ်းဆီးခံရသူပေါင်း ၁၅၀ ကျော်သွားခဲ့သည်ဟု ညဦးပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဘရူနိုရီတေလီယူက ယခု သန်းချီဆန္ဒပြမှုနှင့် အများပြည်သူဆိုင်ရာ မငြိမ်သက်မှုသည် ကြောက်စရာအဆင့်ရောက်နေသည်ဟုလည်း စိတ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံသည် နိုင်ငံစုစုပေါင်းပြည်ထွင်းထုတ်ကုန်တန်ဖို့ GDP ၏ ၁၁၄ ရာခိုင်နှုန်းရှိသော ကြွေးမြီ ပေါင် ၃ ထရီလီယံ တင်ရှိနေသလို ပြီးခဲ့သည့်တစ်ပတ်က ပြင်သစ်ငွေကြေးတန်ဖိုးပါ ကျဆင်းနေသဖြင့် အကျပ်ရိုက်နေကာ သမ္မတအဆင့်က တစ်နှစ်လစာ ပေါင် ၄ သန်းယူနေချိန် အလုပ်လက်မဲ့များ၊ သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများအတွက် ထိခိုက်မှုဆိုးရွားစေမည့် သက်သာချောင်ချိရေး ရန်ပုံငွေများကို လာမည့် ဘဏ္ဍာနှစ်၌ ဘတ်ဂျက် ပေါင် ၄၀ ဘီလီယံအထိ လျော့ချဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့သဖြင့် ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ပြင်သစ်
#ဆန္ဒပြ
#ဘတ်ဂျက်
#လူထုအုံကြွမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now