နေ့စဥ်သတင်း

နိုင်ငံရေးအာဏာကို သက်ဆင်မျိုးဆက်လက်တွင်းဆက်ရှိရေး သားမက်ဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရန်ရှိနေ

မဲခေါင် 20 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၀ ထိုင်းနိုင်ငံရေးသမိုင်းတွင် အရှိန်အဝါဩဇာကြီးမားခဲ့သော သက်ဆင်ရှင်နာဝပ်တရာထူထောင်သည့် ဖွေထိုင်းပါတီသည် ပါတီအာဏာမှတစ်ဆင့် နိုင်ငံတော်အာဏာကို သက်ဆင်မိသားစုပိုင် အာဏာအဖြစ် ဆက်လက်တည်ထောင်ရေး သားမက်ဖြစ်သူ နတ်တာပေါင်ကူနာကွန်ဝမ်ကို နောက်လာမည့် ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်မြှောက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေ သည်။ သက်ဆင်၊ ယင်းလတ်မှသည် ပေထောင်တန်အထိ သက်ဆင်မိသားစုဝင်များ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရာထူးများလက်ခံရယူပြီး အာဏာသိမ်းမှုမှ ရှေ့၂ ဦး ထွက်ပြေးခဲ့ရသလို သမီးငယ်ပေထောာင်တန် သည်လည်း ကမ္ဘောဒီးယားအရေးကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရကာ ယခု ဘမ်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင်သည် ဝန်ကြီးချုပ်သစ်ဖြစ်လာပြီး စက်တင်ဘာ ၁၉ ရက်၌ ဘုရင်ထံ အစိုးရ အဖွဲ့သစ်ကို တင်ပြကာ ထောက်ခံလက်မှတ်ရယူခဲ့ပြီးဖြစ်သည်။

မဲခေါင်၊ စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံရေးသမိုင်းတွင် အရှိန်အဝါဩဇာကြီးမားခဲ့သော သက်ဆင်ရှင်နာဝပ်တရာထူထောင်သည့် ဖွေထိုင်းပါတီသည် ပါတီအာဏာမှတစ်ဆင့် နိုင်ငံတော်အာဏာကို သက်ဆင်မိသားစုပိုင် အာဏာအဖြစ် ဆက်လက်တည်ထောင်ရေး သားမက်ဖြစ်သူ နတ်တာပေါင်ကူနာကွန်ဝမ်ကို နောက်လာမည့် ရွေးကောက်ပွဲ၌ ဝန်ကြီးချုပ်အဖြစ် အဆိုပြုတင်မြှောက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေ သည်။

သက်ဆင်၊ ယင်းလတ်မှသည် ပေထောင်တန်အထိ သက်ဆင်မိသားစုဝင်များ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရာထူးများလက်ခံရယူပြီး အာဏာသိမ်းမှုမှ ရှေ့၂ ဦး ထွက်ပြေးခဲ့ရသလို သမီးငယ်ပေထောာင်တန် သည်လည်း ကမ္ဘောဒီးယားအရေးကြောင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရကာ ယခု ဘမ်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင်သည် ဝန်ကြီးချုပ်သစ်ဖြစ်လာပြီး စက်တင်ဘာ ၁၉ ရက်၌ ဘုရင်ထံ အစိုးရ အဖွဲ့သစ်ကို တင်ပြကာ ထောက်ခံလက်မှတ်ရယူခဲ့ပြီးဖြစ်သည်။

အစိုးရသစ်သည် ၄ လမှ ၆ လအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရမည်ဖြစ်ရာ ဖွေထိုင်းပါတီ သည် ယခုကတည်းက မဲဆွယ်စည်းရုံးမှုများကို ပိုမို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဟုဆိုကာ ၎င်းတို့ ပါတီမှ နောက်လာမည့် ဝန်ကြီးချုပ်လောင်းအနေဖြင့် သက်ဆင်၏ သမီးကြီး ပင်ထောင်တာ၏ ခင်ပွန်း နတ်တာပေါင်ကူနာကွန်ဝမ်ကို တင်မြှောက်ဖွယ်ရှိသည်ဟု လက်ရှိ ပါတီ၏ အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သော ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်က ရိပ်ဖမ်းသံဖမ်း ပြောသွားခဲ့သည်။

“နတ်သာပေါင်က စမတ်ကျတယ်၊ ရုပ်ရည်လည်း ချောမောပြေပြစ်တယ်၊ ဘာလို့မဖြစ်နိုင်ရမှာလဲ” ဟု ဖမ်သမ်က ပြောသွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆင် ထောင်တွင်း ၁ နှစ်ကျခံနေရစဉ် ပါတီအမတ်များဆီသို့ သက်ဆင်၏ ဇနီးဟောင်း လွန်ယင်းပေါ့ဂျမန်ဒမာပွန် ထူးခြားစွာ လာရောက်ခဲ့ပြီး အမတ်များအား ပါတီအတွက် အားမလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်ကြရန်၊ ရှင်တာဝပ်တရာ မိသားစု လဲပြိုသွားခြင်းမရှိဟု အားပေးစကားများ ပြောကြားခဲ့သေးသည်။

ကိုကလင်း
Ref: TheNation
#MeKongNews
#သက်ဆင်
#ထိုင်းနိုင်ငံရေး
#နတ်သာပေါင်
#ထိုင်းဝန်ကြီးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now