ကမ္ဘာ့သတင်း

နီပေါ ဆန္ဒပြမှု သေဆုံးသူ ၇၂ ဦး ရှိလာ

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ လူမှုကွန်ရက် ၂၆ ခုကို ပိတ်ပင်ကြောင်း ဝန်ကြီးချုပ် အိုလီဦးဆောင်သော အစိုးရက ထုတ်ပြန်ကြေညာ အပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း နီပေါနိုင်ငံတစ်ဝန်း Gen Z များဦးဆောင်သည့် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းများအသွင်ဆောင်ကာ အကြမ်းတမ်းဆုံး လူထုအုံကြွမှုနှင့်အတူ အိုလီအစိုးရ ပြုတ်ကျသွား ပြီးနောက် ထိုကာလအတွင်းသေဆုံးသူစာရင်းကို ထုတ်ပြန်ရာ အနည်းဆုံး ၇၂ ဦးရှိခဲ့သည်ဟု စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်သွားခဲ့သည်။ အစိုးရအဆောက်အအုံများ၊ နေအိမ်များနှင့်အခြားသော အဆောက်အအုံများအား မီးရှို့ဖျက်ဆီးမှုများ စွာရှိခဲ့ရာထိုအဆောက်အအုံများအတွင်း စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ရာတွင် အလောင်းများထပ်မံ တွေ့ရှိသဖြင့် သေဆုံးသူစာရင်းသည် ၇၂ ယောက် ရှိလာသည်ဟု နီပေါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်များက

မဲခေါင်၊ စက်တင်ဘာ ၁၅

လူမှုကွန်ရက် ၂၆ ခုကို ပိတ်ပင်ကြောင်း ဝန်ကြီးချုပ် အိုလီဦးဆောင်သော အစိုးရက ထုတ်ပြန်ကြေညာ အပြီး ပြီးခဲ့သည့်တစ်ပတ်အတွင်း နီပေါနိုင်ငံတစ်ဝန်း Gen Z များဦးဆောင်သည့် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းများအသွင်ဆောင်ကာ အကြမ်းတမ်းဆုံး လူထုအုံကြွမှုနှင့်အတူ အိုလီအစိုးရ ပြုတ်ကျသွား ပြီးနောက် ထိုကာလအတွင်းသေဆုံးသူစာရင်းကို ထုတ်ပြန်ရာ အနည်းဆုံး ၇၂ ဦးရှိခဲ့သည်ဟု စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်သွားခဲ့သည်။

အစိုးရအဆောက်အအုံများ၊ နေအိမ်များနှင့်အခြားသော အဆောက်အအုံများအား မီးရှို့ဖျက်ဆီးမှုများ စွာရှိခဲ့ရာထိုအဆောက်အအုံများအတွင်း စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ရာတွင် အလောင်းများထပ်မံ တွေ့ရှိသဖြင့် သေဆုံးသူစာရင်းသည် ၇၂ ယောက် ရှိလာသည်ဟု နီပေါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်များက လူငယ်များခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ရာမှ သေဆုံးမှုများကြောင့် ဒေါသထွက်လာသော လူအုပ်ကြီးသည် အဆောက်အအုံများ၊ တရားရုံးချုပ်၊ လွှတ်တော်၊ ရဲစခန်း၊ နိုင်ငံရေးခေါင်းဆောင်များ၏ နေအိမ်များ၊ စီးပွားရေးအဆောက်အအုံနှင့် လုပ်ငန်းရုံးများကို မီးရှို့ဖျက်ဆီးကာ အကြမ်းဖက်မှုအသွင်ဆောင်လာခဲ့သည်။

ထပ်မံရှာတွေ့သည့်အလောင်းအများစုသည် ကုန်တိုက်များ၊ လူနေတိုက်ခန်းများမီးရှို့ဖျက်ဆီးခံရသည့် အထဲမှ တွေ့ရခြင်းဖြစ်သည်ဟုဆိုကာ ဒဏ်ရာရသူပေါင်းလည်း အနည်းဆုံး ၂၁၁၃ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံထားရသော ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီက သေဆုံးသူများ၏ မိသားစုများအား နီပေါရူပီး ၁၀ သိန်းစီ နစ်နာကြေးပေးမည်ဖြစ်ကာ နိုင်ငံအတွက် မရှိမဖြစ် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးသူများသည် ရှက်ဖွယ်ရာ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်သူများဖြစ်သောကြောင့် စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟုလည်း စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: scroll
#MeKongNews
#နီပေါနိုင်ငံ
#ဆန္ဒပြပွဲ
#အမျိုးသမီးဝန်ကြီးချုပ်
#ဆူရှီလာကာကီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now