မဲခေါင်၊ စက်တင်ဘာ ၁၄
စက်တင်ဘာ ၁၀ ရက်က ပိုလန်နိုင်ငံအတွင်း ရုရှားဒရုန်း ၁၉ စီးဝင်ရောက်လာခြင်းကြောင့် နေတိုးအဖွဲ့ ၏ မူဖြစ်သော ပုဒ်မ ၄ ထုတ်ပြန်ကာ ရုရှားကို အားလုံးခုခံတိုက်ခိုက်ရေး ဆွေးနွေးမှုလုပ်ရန် ပိုလန်နိုင်ငံ အကြီးအကဲက တောင်းဆိုခဲ့ပြီး ယခုလည်း စက်တင်ဘာ ၁၂ ရက်ညပိုင်းက ရုရှားဒရုန်းတစ်စီး ရိုမေးနီးယားလေပိုင်နက်ထဲသို့ ဝင်ရောက်လာပြန်ကြောင်း သိရှိရသည်။
ပိုလန်အစိုးရက ယူကရိန်းသမ္မတဇီလန်းစကီးပြောသကဲ့သို့ ပူတင်သည် ယူကရိန်းစစ်အောင်နိုင်ရုံဖြင့် ကျေနပ်မည့်သူမဟုတ်ဘဲ ဥရောပကိုပါ ထိပါးစေလိုသဖြင့် ပိုလန်အား စတင်ရန်စလိုက်ခြင်းဖြစ်သည် ဟု ထုတ်ပြန်ခဲ့သည်။
ယခုလည်း ရုရှား ဒရုန်းတစ်စီးသည် စက်တင်ဘာ ၁၃ ရက်နှောင်းပိုင်းတွင် ရိုမေးနီးယားလေပိုင်နက် ထဲသို့ ဝင်ရောက်လာသဖြင့် F 16 ဖိုက်တာဂျက်လေယာဉ် ၂ စီးစေလွှတ်ပြီး ရှာဖွေရာတွင် ချိုင်လီယာဗီချီရွာအနီး ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း သိရသည်။
ပိုလန်နိုင်ငံအတွင်း ဒရုန်း ၁၉ စင်းအထိ ဝင်ရောက်လာခြင်းကိုပင် ရုရှားအစိုးရက သက်သေမရှိသော မဟုတ်မှန်သည့် စွပ်စွဲမှုဟု ပြောဆိုခဲ့ရာ ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနသည် နယ်စပ်သို့ ရဟတ်ယာဉ်များ၊ လေယာဉ်များ စေလွှတ်ကာ လုံခြုံရေးအမြင့်ဆုံးသတိထားအဆင့်သတ်မှတ် စောင့်ကြည့်နေပြီဖြစ်သည်။
ယခုလည်း ရိုမေးနီးယားနိုင်ငံထဲသို့ပါ ရုရှားဒရုန်းတစ်စီး သွေးတိုးစမ်းသည့် အနေဖြင့် ရောက်ရှိလာခြင်းကြောင့် နေတိုးအနေဖြင့် မိမိအဖွဲ့ဝင်နိုင်ငံပိုင်နက်အတွင်း တစ်လက်မမှ အထိခံမည်မဟုတ်ဟူသော တုံ့ပြန်ထားမှုအတွက် တစ်ခုခု အကောင်အထည်ဖော်တုံံ့ပြန်ရဖွယ်ရှိနေ သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#နေတိုး
#ရိုမေးနီးယား
#လေကြောင်းရန်ကာကွယ်ရေး








