မဲခေါင်၊ စက်တင်ဘာ ၁၃
စက်တင်ဘာ ၁၂ ရက်နေ့က ကန်ချနာဘူရီခရိုင်နှင့် ဆန်ခလာဘူရီခရိုင်တို့မှ ဌာနေပြည်သူများက မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးအလောင်းတွေ့ရှိသည်ဟု အကြောင်းကြားလာခဲ့သဖြင့် သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးဖြစ်ကြောင်း သိရသည်။
ယင်းသေဆုံးသူ ၃ ဦးသည် စက်တင်ဘာ ၉ ရက်ညက လူမှောင်ခိုသမားများမှတစ်ဆင့် သောင်ဖာဖန် ခရိုင်အတွင်းသို့ ဝီယာလောင်ကွန်းရေလှောင်တမံအား လှေဖြင့်ဖြတ်ကူးဝင်ရောက်ရန် ကြိုးစားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂ ယောက်ထဲမှ ဖြစ်မည်ဟု ယုံကြည့်ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ထိုရေလှောင်တမံဖြတ်ကူးစဉ်တွင် သစ်တုံးတစ်တုံးအားတိုက်မိသဖြင့် အလုပ်သမား ၃ ဦးလှေပေါ်မှ ကျကာ ရေနစ်မြုပ်သေဆုံးခြင်းဖြစ်မည်ဟု သုံးသပ်ရကြောင်း ထိုင်းမီဒီယာ Khaosod က ဖော်ပြထား သည်။
ယင်းသတင်းသည် ထိုမျှသာ မပြည့်မစုံဖော်ပြနေခြင်းကြောင့် မြန်မာလုပ်သားများ သေဆုံး ခြင်း၊ တခြားသူများဖမ်းမိခြင်းအတွက် သံသယရှိသည့်အနေအထားဖြစ်ကြောင်း Comment များတွင် ဝေဖန်မှုအမျိုးမျိုး ပြုလုပ်နေကြသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#မြန်မာနိုင်ငံသား
#အထောက်အထားမဲ့
#ဆန်ခလာဘူရီခရိုင်
#ရွှေ့ပြောင်းလုပ်သား








