မဲခေါင်၊ စက်တင်ဘာ ၁၂
စက်တင်ဘာ ၁၀ ရက်က ယူတက်ဗယ်လီတက္ကသိုလ်တွင် စည်းရုံးပြောဆိုနေသော ဒေါ်နယ်ထရမ့် ထောက်ခံ ကွန်ဆာဗေးတစ်တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်အား လုပ်ကြံပစ်ခတ်သည့် နေရာနှင့် သံသယရှိသူဓာတ်ပုံကို FBI က ထုတ်ပြန်ကာ တရားခံအား ဖမ်းမိနိုင်ရေး သတင်းပေးနိုင်ပါက ဆုငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးမည်ဟု ဆုကြေး ထုတ်ပြန်သွားခဲ့သည်။
၃၁ နှစ်သာရှိသေးသော်လည်း စည်းရုံးဟောပြောမှုကောင်းသဖြင့် ထောက်ခံအားပေးသူများစွာရှိသည့် ချာလီကာ့ခ်ကို အနီးအနားအဆောက်အအုံခေါင်မိုးပေါ်မှ စနိုက်ပါဖြင့် ပစ်ခတ်သည့် ဒရုန်းရိုက်ကူး မှတ်တမ်းများရရှိကာ ကျည် ၄ တောင့်၊ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လိင်ပြောင်းများအား မုန်းတီးသည့် စာသားရေးသားထားသည့် ရိုင်ဖယ်တစ်လက်နှင့် အခြား သဲလွန်စများရရှိခဲ့သည်ဟု သိရသည်။
သံသယရှိဖွယ်တရားခံဓာတ်ပုံကို FBI က ထုတ်ပြန်ရာတွင် ကောလိပ်ကျောင်းသားအရွယ် လူငယ်တစ်ဦးပုံဖြစ်နေပြီး ၎င်းသည် ခေါင်မိုးပေါ် တွယ်တက်နေသည့်အထောက်အထားရှိသဖြင့် သံသယတရားခံဖြစ်နိုင်သည်ဟုဆိုကာ FBI က သတင်းပေးနိုင်သူအား ဆုငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးမည်ဟု စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သွားခဲ့သည်။
၎င်း၏ ရင်းနှီးလွန်းသော မဟာမိတ်၊ သူငယ်ချင်း ချာလီကာ့ခ်သေဆုံးပြီးပြီးချင်း ဒေါ်နယ်ထရမ့်က နိုင်ငံရေးလုပ်ကြံမှုဟုဆိုကာ ချာလီလောက် အမေရိကန်နိုင်ငံသား လူငယ်များ၏ နှလုံးသားခံစားချက်ကို ပိုသိသူမရှိသဖြင့် ကြီးမြတ်သော၊ သူရဲကောင်းတစ်ဦးဆုံးရှုံးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ တရားခံကိုလည်း လက်ရဖမ်းဆီးကာ ပတ်သက်သူမှန်သမျှ အရေးယူသွားမည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ချာလီကာ့ခ်
#လုပ်ကြံ
#စနိုက်ပါ








