ကမ္ဘာ့သတင်း

ပင်စင်ထုတ်ရန် တန်းစီနေသော ဘိုးဘွားများတည့်တည့် ရုရှား ဂလိုက်ဒ်ဗုံးကြဲသဖြင့် အနည်းဆုံး ၂၄ ဦးသေဆုံး

မဲခေါင် 10 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၀ စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီဝန်းကျင်တွင် ယူကရိန်းနိုင်ငံ ဒိုးနက်စ်ဒေသရှိ လူဦးရေ ၁၇၀၀ သာ မှီတင်းနေထိုင်သော ယာရိုဗာရွာသို့ ရုရှားဘက်မှ ဂလိုက်ဒ်ဗုံးကြဲတိုက်ခိုက်သဖြင့် ပင်စင်ထုတ်ရန် တန်းစီနေသော အဘိုးအဘွားများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သည်။ အနည်းဆုံး သေဆုံးသူ ၂၄ ဦးအနက် တစ်ဦးမှလွဲပြီး ကျန်သူများမှာ ကားဖြင့် ပင်စင်လစာ လာပေးသည်ကို တန်းစီစောင့်ဆိုင်းနေခဲ့သည့် သက်ကြီးရွယ်အို ပင်စင်စားများဖြစ်ကြောင်းနှင့် နောက်ထပ် အနည်းဆုံး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာရိုဗာရွာသည် ၂၀၂၂ ခုနှစ်က ရုရှားတပ်များ သိမ်းပိုက်ခြင်းခံခဲ့ရကာ ထိုနှစ်ဆောင်းနှောင်းပိုင်းမှာပင် ယူကရိန်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော နယ်မြေဖြစ်ကာ

မဲခေါင်၊ စက်တင်ဘာ ၁၀

စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီဝန်းကျင်တွင် ယူကရိန်းနိုင်ငံ ဒိုးနက်စ်ဒေသရှိ လူဦးရေ ၁၇၀၀ သာ မှီတင်းနေထိုင်သော ယာရိုဗာရွာသို့ ရုရှားဘက်မှ ဂလိုက်ဒ်ဗုံးကြဲတိုက်ခိုက်သဖြင့် ပင်စင်ထုတ်ရန် တန်းစီနေသော အဘိုးအဘွားများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

အနည်းဆုံး သေဆုံးသူ ၂၄ ဦးအနက် တစ်ဦးမှလွဲပြီး ကျန်သူများမှာ ကားဖြင့် ပင်စင်လစာ လာပေးသည်ကို တန်းစီစောင့်ဆိုင်းနေခဲ့သည့် သက်ကြီးရွယ်အို ပင်စင်စားများဖြစ်ကြောင်းနှင့် နောက်ထပ် အနည်းဆုံး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယာရိုဗာရွာသည် ၂၀၂၂ ခုနှစ်က ရုရှားတပ်များ သိမ်းပိုက်ခြင်းခံခဲ့ရကာ ထိုနှစ်ဆောင်းနှောင်းပိုင်းမှာပင် ယူကရိန်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော နယ်မြေဖြစ်ကာ လက်ရှိ ရုရှားတပ်များ စစ်ကြောင်းပြန်လည် ထိုးဝင်လာမှု အနီးကပ်အနေအထားသို့ ရောက်ရှိလာသဖြင့် ရွှေ့ပြောင်းနေထိုင်ကြရန် ဒေသဆိုင်ရာ ယူကရိန်းအာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကားဖြင့်လာရောက်ထုတ်ပေးသည့် ပင်စင်လစာများကို အဘိုးအဘွားများ သွားရောက်တန်းစီရယူနေသည်ကို ရုရှားဘက်မှ သတင်းရပြီး ရည်ရွယ်ချက်ရှိစွာဖြင့် စစ်ရေးထက် အကြမ်းဖက်မှုကို လုပ်ဆောင်လိုက်ခြင်းသာဖြစ်သည်ဟု ဒိုးနက်စ်ရှိ ယူကရိန်းစစ်ရေးစီမံခန့်ခွဲရေး တပ်ချုပ် ဗာလီယံဖီလက်ရှ်ကင်က ဝေဖန်ပြောဆိုခဲ့သည်။

စက်တင်ဘာ ၆ ရက်ကလည်း ကိဗ်မြို့ပေါ်သို့ ဒရုန်း ၈၁၀ ကျော်၊ ဒုံးကျည် ၁၃ လုံးဖြင့် ရုရှားတိုက်ခိုက်ကာ ကလေးတစ်ဦး အပါ ၄ ဦး သေဆုံးခဲ့ရသည်။

နေ့စဉ်ရက်ဆက် ယူကရိန်းပြည်သူများစွာအသက်ကို နုတ်ယူနေသော ပူတင်ကြောင့် စစ်ပွဲကိုတားဆီးနိုင်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပ နိုင်ငံခေါင်းဆောင်များအား လာမည့်သီတင်းပတ်ကုန်၌ အိမ်ဖြူတော်သို့ ဖိတ်ခေါ်ထားပြီး ရုရှားကို မိမိဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုမလုပ်သဖြင့် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှု လုပ်သွားမည်ဟု ကြေညာခဲ့သည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း ကမ္ဘာ့ခေါင်းဆောင်များသည် ရုရှား၏ အကြမ်းဖက်လူသတ်နေမှုများအား သိရှိပါလျှက် ပိတ်ဆို့အရေးယူခြင်းပင် မလုပ်ဘဲ ထိရောက်သည့် တုံ့ပြန်မှုကို ကမ္ဘာက မလုပ်ပါက ရပ်တန့်နိုင်တော့မည်မဟုတ်ဟု ဝေဖန်ပြစ်တင်သွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ယူကရိန်း
#ပင်စင်စား
#ရုရှား
#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now