မဲခေါင်၊ စက်တင်ဘာ ၈
မူးယစ်ဆေးဝါးများ အမေရိကန်သို့ အဓိကမှောင်ခိုတင်သွင်းနေသော ဗင်နီဇွဲလားရှိ ဂိုဏ်းများအား နှိမ်နင်ရေးပြုလုပ်နေသည့် အမေရိကန်စစ်သင်္ဘောပေါ်မှ ဗင်နီဇွဲလား ဖိုက်တာဂျက်လေယာဉ် တစ်စီး ထပ်မံပျံသန်းခဲ့သောကြောင့် နောက်တစ်ကြိမ် အန္တရာယ်ပေးနိုင်သည့်အနေအထားမျိုးနှင့် ထပ်ပျံသန်းပါက ပစ်ချမည်ဟု ဒေါ်နယ်ထရမန့်က ရာဇသံပေးခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်ဘက်မှ မူးယစ်ဆေးဝါးများသယ်ဆောာင်မောင်းနှင်လာသည်ဟု အတည်ပြုသော စက်လှေတစ်စီးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း ထုတ်ပြန်ကာ လိုက်ပါသူ ၁၁ ယောက်စလုံးသေဆုံးသည်ဟု ဆိုခဲ့သည်။
နောက်ရက်တွင် ဖျက်သင်္ဘော ၈ စီးအထိ ကာရစ်ဘီယံ ပင်လယ်အတွင်း စေလွှတ်ထားသည့်ထဲမှ တစ်စီးပေါ်သို့ ဗင်နီဇွဲလား ဖိုက်တာဂျက်လေယာဉ် ၂ စီးပျံသန်းခဲ့ကာ စက်တင်ဘာ ၇ ရက်တွင် USS Jason Dunham စစ်သင်္ဘော ပေါ်မှ နောက်ထပ် ဗင်နီဇွဲလားလေတပ်မှ F-16 တိုက်လေယာဉ်တစ်စီး ထပ်မံပျံသန်းခဲ့သည်။
ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် အမေရိကန်သို့ အဓိကထားပြီး ကိုကင်းနှင့်မူးယစ်ဆေးဝါးများ မှောင်ခို တင်ပို့နေသော ဂုဏ်းများနောက်ကွယ်မှ အဓိက ကြိုးကိုင်သူဟု အမေရိရန် တရားရေးဌာနက ထုတ်ပြန် ကာ ဖမ်းမိနိုင်လျှင် ဆုတော်ငွေ ဒေါ်လာသန်း ၅၀ ပေးမည်ဟု ကြေညာထားသည်။
ယခု နောက်တစ်ကြိမ် ဗင်နီဇွဲလား ဖိုက်တာဂျက်လေယာဉ် အန္တရာယ်ရှိသော အနေအထားဖြင့် မိမိတို့ စစ်သင်္ဘောများပေါ်မှ ပျံသန်းလျှင် ပစ်ချတော့မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယံပင်လယ်အတွင်း စစ်သင်္ဘော ၈ စီး စေလွှတ်ထားသလို စက်တင်ဘာ ၅ ရက်ကလည်း F-35 ဖိုက်တာဂျက်လေယာဉ် ၁၀ စီး ထပ်မံစေလွှတ်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#မူးယစ်ဆေးဝါး
#ဒေါ်နယ်ထရမ့်








