နေ့စဥ်သတင်း

ပြည်သူ့ပါတီနှင့် မဟာမိတ်ဖွဲ့နိုင်ကာ BJT ပါတီခေါင်းဆောင်ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရန် သဘောတူ

မဲခေါင် 3 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၃ ဘမ်ဂျိုင်းထိုင်းပါတီ – BJT သည် လွှတ်တော်တွင်း အမတ်နေရာများစွာ ပိုင်ဆိုင်ထားသည့် ပြည်သူ့ပါတီနှင့် မဟာမိတ်အဖြစ် MOU လက်မှတ်ရေးထိုးပြီးနောက် အစိုးရသစ်ဖွဲ့စည်းရန် လိုအပ်သည့် ၁၄၆ မဲရရှိကာ ဘမ်ဂျိုင်းထိုင်းပါတီခေါင်းဆောင် အနူတင်ချန်ဗီရာကယ်ကို နိုင်ငံ၏ ၃၂ ဆက်မြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် သဘောတူညီခဲ့ကြောင်း စက်တင်ဘာ ၃ ရက်တွင် အတည်ပြုထုတ်ပြန်သွားခဲ့သည်။ ပြည်သူ့ပါတီသည် ယခင် မဲအများဆုံးဖြင့်အနိုင်ရခဲ့သော Move Forward Part ဖျက်သိမ်းခံရပြီးနောက် အသစ်ပြန်လည် ထူထောင်ခဲ့သောပါတီဖြစ်ကာ လက်ရှိပါတီခေါင်းဆောင် နက်သာပေါင်က လွှတ်တော် အတွင်း ဘမ်ဂျိုင်းထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ရန် အချက် ၅ ချက်ပါ MOU စာချုပ်

မဲခေါင်၊ စက်တင်ဘာ ၃

ဘမ်ဂျိုင်းထိုင်းပါတီ – BJT သည် လွှတ်တော်တွင်း အမတ်နေရာများစွာ ပိုင်ဆိုင်ထားသည့် ပြည်သူ့ပါတီနှင့် မဟာမိတ်အဖြစ် MOU လက်မှတ်ရေးထိုးပြီးနောက် အစိုးရသစ်ဖွဲ့စည်းရန် လိုအပ်သည့် ၁၄၆ မဲရရှိကာ ဘမ်ဂျိုင်းထိုင်းပါတီခေါင်းဆောင် အနူတင်ချန်ဗီရာကယ်ကို နိုင်ငံ၏ ၃၂ ဆက်မြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် သဘောတူညီခဲ့ကြောင်း စက်တင်ဘာ ၃ ရက်တွင် အတည်ပြုထုတ်ပြန်သွားခဲ့သည်။

ပြည်သူ့ပါတီသည် ယခင် မဲအများဆုံးဖြင့်အနိုင်ရခဲ့သော Move Forward Part ဖျက်သိမ်းခံရပြီးနောက် အသစ်ပြန်လည် ထူထောင်ခဲ့သောပါတီဖြစ်ကာ လက်ရှိပါတီခေါင်းဆောင် နက်သာပေါင်က လွှတ်တော် အတွင်း ဘမ်ဂျိုင်းထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ရန် အချက် ၅ ချက်ပါ MOU စာချုပ် လက်မှတ်ရေးထိုး လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ကမ္ဘောဒီးယားခေါင်းဆောင်ဟွမ်ဆန်နှင့် သီးသန့်စကားပြောဆိုမှု အသံဖိုင်ပေါက်ကြားမှုအကြောင်းပြချက်ကြောင့် ဖွေထိုင်းပါတီမှ တင်မြှောက် ထားသည့် ပေထောင်တန်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သလို အစိုးရတစ်ဖွဲ့လုံးလည်း ဖယ်ရှားခံရ ပြီဖြစ်ခြင်းကြောင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး အင်အားကြီး ပြည်သူ့ပါတီနှင့် မဟာမိတ်ဖွဲ့ရန် အပြိုင်အဆိုင်ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

ပြည်သူ့ပါတီမှာ ယခင်ဖွေထိုင်းပါတီ ဦးဆောင်သော အစိုးရ ဖွဲ့စည်းမှုတွင် ဖယ်ကြဉ်ခံခဲ့ရသဖြင့် အနူတင်ဦးဆောင်သော ဘမ်ဂျိုင်းထိုင်းပါတီနှင့်သာ ပူးပေါင်းလိုက် ခြင်းဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲ ၂၅၆ အရ ၄ လအတွင်း လွှတ်တော်ကိုဖျက်သိမ်းပြီး ဝန်ကြီးချုပ်သစ်တင်မြှောက်ခြင်းနှင့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရတော့မည်ဖြစ်သည်။

ဝန်ကြီးချုပ်သစ်ကသာ လွှတ်တော်ဖျက်သိမ်းခွင့်ရှိခြင်းကြောင့် အနူတင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်နိုင်ရေး ပြည်သူ့ပါတီက ထောက်ခံလက်မှတ်ထိုးလိုက်သော်လည်း မိမိတို့ပါတီမှ မည်သည့် ဝန်ကြီးနေရာမှ မရယူဘဲ အတိုက်အခံပါတီအဖြစ်နှင့်သာ အစိုးရသစ်ကို စောင့်ကြည့် ထောက်ပြသွားမည်ဖြစ်ကြောင်း နက်သာပေါင်က ထုတ်ပြန်ပြောဆိုခဲ့သည်။

တစ်ပြိုင်တည်းမှာပင် လက်ရှိယာယီဝန်ကြီးချုပ်ခန့်အပ်ထားသော ဖွေထိုင်းပါတီမှ ဖမ်သမ်ဝီချာရာချိုင် က ၎င်းတို့ဖွေထိုင်းပါတီနှင့် ပြည်သူ့ပါတီမပူးပေါင်းဘဲ တစ်ချိန်က သက်ဆင် ဝန်ကြီးချုပ်ဖြစ်စဉ် လက်အောက်ငယ်သားဖြစ်ခဲ့သော အနူတင်ကို ဝန်ကြီးချုပ်တင်မြှောက်ရန် စီစဉ်လာမှုအား ကန့်ကွက် ကာ ချက်ချင်းလွှတ်တော်ဖျက်သိမ်းရန် ဘုရင်ထံသို့ တင်ပြထားကြောင်းလည်း သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#နိုင်ငံရေး
#ဝန်ကြီးချုပ်
#အောက်လွှတ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now