ကမ္ဘာ့သတင်း

အာဖဂန်ငလျင်ကြောင့် အနည်းဆုံး ၈၀၀ သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာရ

မဲခေါင် 1 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်၌ ဩဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ညည့်သန်းခေါင်ယံမရောက်မီ ပြင်းအား ၆ ရှိငလျင်လှုပ်ခတ်သွားသည့်အတွက် အနည်းဆုံး ၈၀၀ ကျော် သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။ ငလျင်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရသော ကူနာပြည်နယ်၊ နာဂယ်ခရိုင်တွင် နေထိုင်သူတစ်ဦးက တစ်ရွာလုံး ပြားပြားဝပ်သွားသည်အထိ ငလျင်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပျက်အစီးပုံများအောက်သို့ ရောက်ရှိနေသည်ဟုဆိုကာ မည်သည့်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ရောက်မလာသေးသဖြင့် ကူညီကြပါရန် စက်တင်ဘာ ၁ ရက်မွန်းလွဲပိုင်း၌ တောင်းပန်သွားခဲ့သည်။ အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မော်လာဝီဇာဗီဟူလာမူဂျာဟစ်က ကူနာတွင် လက်ရှိအထိ

မဲခေါင်၊ စက်တင်ဘာ ၁

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်၌ ဩဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ညည့်သန်းခေါင်ယံမရောက်မီ ပြင်းအား ၆ ရှိငလျင်လှုပ်ခတ်သွားသည့်အတွက် အနည်းဆုံး ၈၀၀ ကျော် သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

ငလျင်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရသော ကူနာပြည်နယ်၊ နာဂယ်ခရိုင်တွင် နေထိုင်သူတစ်ဦးက တစ်ရွာလုံး ပြားပြားဝပ်သွားသည်အထိ ငလျင်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပျက်အစီးပုံများအောက်သို့ ရောက်ရှိနေသည်ဟုဆိုကာ မည်သည့်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ရောက်မလာသေးသဖြင့် ကူညီကြပါရန် စက်တင်ဘာ ၁ ရက်မွန်းလွဲပိုင်း၌ တောင်းပန်သွားခဲ့သည်။

အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မော်လာဝီဇာဗီဟူလာမူဂျာဟစ်က ကူနာတွင် လက်ရှိအထိ သေဆုံးသူ ၈၀၀ ကျော်သွားခဲ့ပြီး ဒဏ်ရာရသူ ၂၅၀၀ ကျော်ရှိနေကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် သေဆုံး ဒဏ်ရာရစာရင်းထပ်မံမြင့်တက်လာဦးမည်ဖြစ် ကြောင်း ရှင်းလင်းပြောဆိုသည်။

ကူနာသို့ နန်ဂါဟာမှ ရဟတ်ယာဉ် ၃၅ စီး စေလွှတ်ပြီး ဒဏ်ရာရ လူနာပေါင်း ၃၃၅ ယောက် ကို နန်ဂါဟာ ဆေးရုံသို့ တင်ပို့ထားကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။

အာဖဂန်နစ္စတန်သည် အိန္ဒိယနှင့်ယူရေးရှန်းမြေလွှာကျောက်ချပ်များ တေ့ဆိုင်နေရာ၌ တည်ရှိသော ကြောင့် ငလျင်များစွာ လုပ်ခတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ပြင်းအား ၆ ဒသမ ၃ ရှိသော ငလျင်သည် အနောက်ပိုင်း ဟီရတ်ခရိုင်အားဗဟိုပြုလှုပ်ခတ်ရာမှ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရသေးသည်။

၂၀၂၂ ခုနှစ်တွင် လည်း အာဖဂန်အရှေ့ပိုင်း တောင်ထူထပ်ရာနေရာတွင် လှုပ်ခတ်သည့် ငလျင်ကြောင့် အနည်းဆုံး ၁၀၀၀ သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရခဲ့သေးသည်။ ၂၀၁၅၊ ၂၀၀၂ ၊ ၁၉၉၈ ခုနှစ်များတွင်လည်း ငလျင်များလှုပ်ခတ်ခဲ့ကာ ၁၉၉၈ ငလျင်သည် လူပေါင်း ၄၅၀၀ သေဆုံးခဲ့ရသည်။

ကိုကလင်း
Ref: aljazeera
#MeKongNews
#အာဖဂန်နစ္စတန်
#ငလျင်
#ပါကစ္စတန်
#ကယ်ဆယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now