ကမ္ဘာ့သတင်း

ကုလအထွေထွေညီလာခံ၌ ပါလက်စတိုင်းသမ္မတနှင့် တာဝန်ရှိသူ ၈၀ ကို အမေရိကန် ဗီဇာပိတ်ပင်တားမြစ်

မဲခေါင် 30 Aug - 2025
မဲခေါင်၊ ဩဂုတ် ၃၀ ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့သည် ဂါဇာတွင် ဒဏ်ရာရသော ကလေးငယ်များကို အမေရိက သို့ပို့ဆောင်ဆေးကုသပေးမှု ပရိုဂရမ်အား ရပ်ဆိုင်လိုက်သည်မှာ မကြာသေးဘဲ ယခုလည်း စက်တင်ဘာလအတွင်း နယူးယောက်၌ လက်ခံကျင်းပမည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံသို့ ပါလက်စတိုင်းသမ္မတမိုဟာမက်အဘက်စ်နှင့် တာဝန်ရှိသူ အယောက် ၈၀ ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်းဖြင့် အစည်းအဝေးသို့ တက်ရောက်ခွင့်ပါ ပိတ်ပင်လိုက်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပါလက်စတိုင်းအာဏာပိုင် (PA) နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) မှ ကိုယ်စားလှယ်များကို ဗီဇာရုပ်သိမ်းလိုက်ခြင်းဖြစ်ကာ နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။ ပါလက်စတိုင်းအနေဖြင့် အမေရိကန်အပေါ် ကတိပြုထားမှုအရ အကြမ်းဖက်ဝါဒကို

မဲခေါင်၊ ဩဂုတ် ၃၀

ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့သည် ဂါဇာတွင် ဒဏ်ရာရသော ကလေးငယ်များကို အမေရိက သို့ပို့ဆောင်ဆေးကုသပေးမှု ပရိုဂရမ်အား ရပ်ဆိုင်လိုက်သည်မှာ မကြာသေးဘဲ ယခုလည်း စက်တင်ဘာလအတွင်း နယူးယောက်၌ လက်ခံကျင်းပမည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံသို့ ပါလက်စတိုင်းသမ္မတမိုဟာမက်အဘက်စ်နှင့် တာဝန်ရှိသူ အယောက် ၈၀ ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်းဖြင့် အစည်းအဝေးသို့ တက်ရောက်ခွင့်ပါ ပိတ်ပင်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပါလက်စတိုင်းအာဏာပိုင် (PA) နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) မှ ကိုယ်စားလှယ်များကို ဗီဇာရုပ်သိမ်းလိုက်ခြင်းဖြစ်ကာ နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။

ပါလက်စတိုင်းအနေဖြင့် အမေရိကန်အပေါ် ကတိပြုထားမှုအရ အကြမ်းဖက်ဝါဒကို တစ်စိုက်မတ်မတ် ငြင်းဆန်ရမည်၊ ပညာရေးတွင် အကြမ်းဖက်ဖိနှိပ်ခွဲခြားထားမှုဝါဒအား ဖျက်သိမ်းရမည်ဆိုခြင်းကို လက်မခံနိုင်သေးသရွေ့ ငြိမ်းချမ်းသော လက်တွဲဖက်အဖြစ် မသတ်မှတ်နိုင်ဟုလည်း ဆိုသည်။

နယူးယောက် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကာ ထိုအစည်းအဝေး၌ ပြင်သစ်၊ မော်လ်တာ၊ ဩစတြေးလျ၊ ကနေဒါနှင့် ယူကေတို့က ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုပေးမည်ဟု ကတိပြုထားကြသည်။

လက်ရှိ ဂါဇာတွင် အစ္စရေးဘက်မှ အလုံးစုံ သိမ်းပိုက်ရန် ထိုးစစ်ဆင်နေမှုအပေါ်တွင်လည်း ဥရောပ ထိပ်သီးနိုင်ငံများစွာက ရှုတ်ချကန့်ကွက်နေသော်လည်း အမေရိကန်သည် အစ္စရေးဘက်တွင်သာ ပြတ်သားခိုင်မာစွာ ဆက်လက်ရပ်တည်ပြနေခြင်းဖြစ်သည်။

ကိုကလင်း
Ref: news.sky
#MeKongNews
#ကုလသမဂ္ဂ
#အမေရိကန်
#ဗီဇာပိတ်ပင်
#ပါလက်စတိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now