ကမ္ဘာ့သတင်း

ယူကရိန်းအညံ့ခံမှသာ ပူတင်ငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုသောကြောင့် ဒေါ်နယ်ထရမ့် အရှက်တကွဲဖြစ်

မဲခေါင် 30 Aug - 2025
မဲခေါင်၊ ဩဂုတ် ၃၀ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်ကာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့သော် လည်း ရုရှားသမ္မတပူတင်သည် ငြိမ်းချမ်းရေးကိုမလိုလားသည်မှာ ထင်ရှားခဲ့ပြီဖြစ်ကာ ယူကရိန်း အနေဖြင့် စစ်ရှုံး လက်နက်ချအညံ့ခံသည့်သဘောဖြင့် တောင်းဆိုမှုများကို လိုက်လျှောမှသာ ငြိမ်းချမ်း ရေးဆွေးနွေးမည်ဟု သိရသည်။ ဒုတိယသက်တမ်းဖြင့် သမ္မတမဖြစ်မီ မိမိသာသမ္မတဖြစ်ပါက ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို တစ်ရက်အတွင်း ရပ်တန့်ပေးနိုင်သည်ဟု ဒေါ်နယ်ထရမ့် ပြောဆိုခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းက အလက်စကားသို့ ပူတင်အား ဖိတ်ခေါ်ကာ ယူကရိန်းနှင့် ထာ၀ရငြိမ်းချမ်းရေး စာချုပ်နိုင်ရေး ကြားဝင်ပွဲစားလုပ်ကာ ၂ ပတ်အတွင်း ပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဟုလည်း ပြောကြားခဲ့သည်။ သို့သော် ထရမ့်ကို ခေါင်းထဲပင်မထားသည့်သဘောဖြင့် ပူတင်ဘက်က ငြိမ်းချမ်းရေးလိုချင်လျှင်

မဲခေါင်၊ ဩဂုတ် ၃၀

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်ကာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့သော် လည်း ရုရှားသမ္မတပူတင်သည် ငြိမ်းချမ်းရေးကိုမလိုလားသည်မှာ ထင်ရှားခဲ့ပြီဖြစ်ကာ ယူကရိန်း အနေဖြင့် စစ်ရှုံး လက်နက်ချအညံ့ခံသည့်သဘောဖြင့် တောင်းဆိုမှုများကို လိုက်လျှောမှသာ ငြိမ်းချမ်း ရေးဆွေးနွေးမည်ဟု သိရသည်။

ဒုတိယသက်တမ်းဖြင့် သမ္မတမဖြစ်မီ မိမိသာသမ္မတဖြစ်ပါက ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို တစ်ရက်အတွင်း ရပ်တန့်ပေးနိုင်သည်ဟု ဒေါ်နယ်ထရမ့် ပြောဆိုခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းက အလက်စကားသို့ ပူတင်အား ဖိတ်ခေါ်ကာ ယူကရိန်းနှင့် ထာ၀ရငြိမ်းချမ်းရေး စာချုပ်နိုင်ရေး ကြားဝင်ပွဲစားလုပ်ကာ ၂ ပတ်အတွင်း ပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဟုလည်း ပြောကြားခဲ့သည်။

သို့သော် ထရမ့်ကို ခေါင်းထဲပင်မထားသည့်သဘောဖြင့် ပူတင်ဘက်က ငြိမ်းချမ်းရေးလိုချင်လျှင် ယူကရိန်းဘက်မှ အလုံးစုံ လက်နက်ဖျက်သိမ်းပေးခြင်း၊ အနောက်မဟာမိတ်အားလုံးနှင့် စစ်ရေး ဆက်ဆံမှုအားလုံး ဖြတ်တောက်ခြင်း၊ နာဇီဝါဒ ဖျက်သိမ်းခြင်း၊ ကြားနေနိုင်ငံအဖြစ်သာ နေထိုင်ပေး ခြင်း၊ .မဟာမိတ်မထား၊ နျူကလီးယားမရှိသည့် နိုင်ငံအဖြစ် နေထိုင်ပေးမှသာ ဆွေးနွေးမည်ဟု ရုရှား သတင်းထုတ်ပြန်ရေး အကြီးအကဲ မာရီယာဇာခါရိုဗာက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ထိုအခြေအနေမှာ ယူကရိန်းဘက်မှ မည်သို့မျှ လက်မခံနိုင်သည့်တောင်းဆိုမှုများဖြစ်ကာ အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များကို စော်ကားညှင်းပန်းခြင်းများလည်း မပြုလုပ်ရ၊ ရုရှားစကားပြောသော ပြည်သူတိုင်း ရုရှားဘာသာစကားကိုအသုံးပြုမှု ကာကွယ်ပိုင်ခွင့်ပေးရန်တို့ကိုပါ ထည့်သွင်းတောင်းဆို သွားခဲ့သည်။

ဇီလန်းစကီးသည် အနောက်မဟာမိတ်များ အကူအညီမရှိပါက ရုရှား၏ နောက်ထပ် နယ်မြေသိမ်းပိုက် မှုများအား မည်သို့မျှ ကာကွယ်နိုင်ဖွယ်မရှိသောကြောင့် ပူတင်ဘက်မှ တောင်းဆိုမှုများကို မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိပေ။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကလည်း ပူတင်သည် လတ်တလော ဇီလန်းစကီးနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံရန် အစီအစဉ်ပင်မရှိသေးဟု ပြောခဲ့သောကြောင့် ဒေါ်နယ်ထရမ့်၏ ကြားဝင်ကြိုးပမ်းမှုများ အရှက်တကွဲဖြစ်ရကြောင်း သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now