မဲခေါင်၊ ဩဂုတ် ၂၇
ထိုင်းနိုင်ငံသို့ ကာဂျီကီတိုင်ဖွန်းမုန်တိုင်း ဩဂုတ် ၂၆ ရက်က စတင် ဝင်ရောက်လာသဖြင့် မိုးများကာ မြေဆီလွှာများရွှံ့အဖြစ်ပြောင်းလဲပြီး မြေပြိုမှုကြောင့် ချင်းမိုင်တွင် ၂ ဦးသေဆုံး၊ ဒါဇင်ချီဒဏ်ရာရကာ ၁၂ နှစ်သမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဩဂုတ် ၂၇ ရက် ထုတ်ပြန်ချက် အရ သိရသည်။
ချင်းမိုင်ရှိ မယ့်ချမ်းခရိုင်၊ အမှတ် (၁) ရပ်ကွက်၊ ပန်အန်းတွင် မြေပြိုမှုကြောင့် နေအိမ် ၇ လုံး ရေနှင့်မျောပါပြီးလုံး၀ ပျက်စီးသွားကာ နေအိမ်များအတွင်း ရွှံ့များဝင်ရောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်။
မယ့်ချမ်းခရိုင်တာဝန်ရှိသူများသည် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ဩဂုတ် ၂၇ ရက်မနက်တွင် ပျောက်ဆုံး ၃ ဦးထဲမှ ၂ ဦး ကို သေဆုံးလျက်သာတွေ့ရပြီး ဒဏ်ရာရသူ တစ်ဒါဇင်ကျော်ကို ချင်းမိုင်၊ မယ့်ချမ်းဆေးရုံနှင့် မယ်ဟောင်ဆန်ရှိ ခွန်းယမ်ဆေးရုံသို့ ပို့ပေးခဲ့ကာ နောက်ထပ် ပျောက်ဆုံးနေသည့် ၁၂ နှစ်သမီးလေးအား ဆက်လက် ရှာဖွေနေသည်။
ကယ်ဆယ်ရေးလုပ်ငန်းများသည် မိုးသည်းထန်လွန်ပြီး လမ်းချောနေခြင်း၊ သစ်ပင်များစွာ လဲကျပြီး လမ်းများပိတ်နေခြင်းကြောင့် ဦးစွာ လမ်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေရသဖြင့် အခက်အခဲ ရှိနေကြောင်း သိရသည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ချင်းမိုင်
#ကာဂျီကီ
#တိုင်ဖွန်းမုန်တိုင်း
#မြေပြို
#သေဆုံး








