ကမ္ဘာ့သတင်း

ဆွီဒင်၌ ၆၇၂ တန်လေးသော ၁၁၃ နှစ်သက်တမ်းရှိ ဘုရားကျောင်းကြီး ဒေါ်လာ တစ်ဘီလီယံအကုန်ခံကာ မြို့သစ်သို့ အလုံးလိုက်ရွှေ့မှု စတင်

မဲခေါင် 20 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၀ ဆွီဒင်နိုင်ငံ မြောက်ဘက်စွန်း ကီယူနာမြို့ရှိ သက်တမ်း ၁၁၃ နှစ်ရှိ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်း ကြီးအား အလုံးလိုက် မြို့သစ်သို့ ရွှေ့ပြောင်းမှုကို ဩဂုတ် ၁၉ ရက်တွင် စတင်ခဲ့ကြသည်။ အာတိတ်စက်ဝိုင်းနှင့် မိုင် ၉၀ အကွာတွင်တည်ရှိသော ကီယူနာမြို့သည် လူဦးရေ ၂၃၀၀၀ သာ နေထိုင်ကာ ဆာမီမျိုးနွယ်ဝင်များအစဉ်အဆက် နေထိုင်ခဲ့ရာမြို့ဖြစ်သလို အမြင့် ၁၁၅ ပေ၊ အလေးချိန် ၆၇၂ တန်ရှိသော ဆာမီမျိုးနွယ်များလက်ရာ ကီယူနာဘုရားကျောင်းကြီးကို ၁၉၅၀ ပြည့်နှစ်မတိုင်မီကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဆွီဒင်နိုင်ငံတွင် လူနေထိုင်ရာအဆောက်အအုံများအောက်၌ မိုင်းတွင်းလုပ်ကွက်များ လုပ်ဆောင်ခွင့်မပြုသလို လက်ရှိ သံသတ္တုမိုင်းတွင်းများသည်လည်း မြေပြင်အောက် လွန်စွာနက်သည့်

မဲခေါင်၊ ဩဂုတ် ၂၀

ဆွီဒင်နိုင်ငံ မြောက်ဘက်စွန်း ကီယူနာမြို့ရှိ သက်တမ်း ၁၁၃ နှစ်ရှိ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်း ကြီးအား အလုံးလိုက် မြို့သစ်သို့ ရွှေ့ပြောင်းမှုကို ဩဂုတ် ၁၉ ရက်တွင် စတင်ခဲ့ကြသည်။

အာတိတ်စက်ဝိုင်းနှင့် မိုင် ၉၀ အကွာတွင်တည်ရှိသော ကီယူနာမြို့သည် လူဦးရေ ၂၃၀၀၀ သာ နေထိုင်ကာ ဆာမီမျိုးနွယ်ဝင်များအစဉ်အဆက် နေထိုင်ခဲ့ရာမြို့ဖြစ်သလို အမြင့် ၁၁၅ ပေ၊ အလေးချိန် ၆၇၂ တန်ရှိသော ဆာမီမျိုးနွယ်များလက်ရာ ကီယူနာဘုရားကျောင်းကြီးကို ၁၉၅၀ ပြည့်နှစ်မတိုင်မီကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွီဒင်နိုင်ငံတွင် လူနေထိုင်ရာအဆောက်အအုံများအောက်၌ မိုင်းတွင်းလုပ်ကွက်များ လုပ်ဆောင်ခွင့်မပြုသလို လက်ရှိ သံသတ္တုမိုင်းတွင်းများသည်လည်း မြေပြင်အောက် လွန်စွာနက်သည့် နေရာများအထိ တူးဖော်ထုတ်လုပ်နေရာ မြို့ဟောင်းမှ နေအိမ်တိုက်တာများသည် မြေစာပြတ်ရွေ့များကြောင့် အက်ကြောင်းများလိုက်လာပြီး ပြိုကျမည်ဖြစ်သောကြောင့် တစ်မြို့လုံးကို မြို့ဟောင်း၏ အခြားတစ်ဖက်စွန်း မြို့သစ်နေရာသို့ ပြောင်းရွှေ့ကြတော့မည်ဖြစ်သည်။

ဦးဆုံးအနေဖြင့် မြို့တစ်ဖက်စွန်းရှိ မြို့သစ်သို့ ကီယူနာဘုရားကျောင်းပြီးအား အလုံးလိုက် ထရော်လီ များဖြင့် ရွှေ့ပြောင်းမှုအား ဩဂုတ် ၁၉ ရက်တွင် စတင်လုပ်ဆောင်ရာ တစ်နာရီ မီတာ ၅၀၀ နှုန်းဖြင့် ၂ ရက်အတွင်း အပြီးပြောင်းရွှေ့ နေရာချနိုင်ရန် ရည်မှန်းလုပ်ဆောင်နေခြင်းဖြစ်သည်။

ယင်းရွှေ့ပြောင်းမှုတွင် အဓိက မိုင်းကုမ္ပဏီကြီး LKAB က ဦးဆောင်လုပ်ကိုင်ပေးရာတွင် ရွှေပြောင်းခ ပင်လျှင် ဒေါ်လာ ၁ ဘီလီယံ၊ ဆွီဒင် ခရိုနာ ၁၀ ဘီလီယံ (ပေါင် ၇၃၇ သန်း) ကုန်ကျခံရမည်ဖြစ်သည်။

ပထမဆုံးစတင်ရွေ့ပြောင်းမှုတွင် တစ်နာရီအတွင်း ဘုရားကျောင်းကြီးသည် မီတာ ၃၀ အကွာအဝေးသို့ ရောက်ရှိသည်ဟု ဘီဘီစီကဖော်ပြခဲ့သလို သမိုင်းဝင်ဘုရားကျောင်းကြီးအား အလုံးလိုက် မြို့သစ်သို့ ရွှေ့မှုအား ဒေသခံများမဟုတ်သည့် အဝေးမှလူများစွာ လာရောက်လေ့လာကြည့်ရှုနေကြသည်ဟု ဆိုသည်။

နောက်နှစ်ကုန်ပိုင်းတွင် ကီယူနာဘုရားကျောင်းကြီး မြို့သစ်၌ အလုံးစုံ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်မှန်း ထားသော်လည်း ၂၀၃၅ ခုနှစ်ရောက်မှသာ မြို့ဟောင်းတစ်ခုလုံး မြို့သစ်သို့ ပြောင်းရွှေ့အခြေချမှု ပြီးပြတ်မည်ဟုလည်း သိရှိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဆွီဒင်
#ခရစ်ယာန်ဘုရားကျောင်း
#သံသတ္တုမိုင်းတွင်း
#ကီယူနာမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now