မဲခေါင်၊ ဩဂုတ် ၂၀
ဗြိတိန်ဝန်ကြီးချုပ် စတာမာအပါအဝင် ဥရောပ ထိပ်တန်းနိုင်ငံခေါင်းဆောင်များသည် နေတိုးအဖွဲ့အစည်းမဟုတ်သော နိုင်ငံ ၃၀ ပါ Coalition of the Willing ညွှန်ပေါင်းအဖွဲ့ ဖွဲ့စည်းကာ ယူကရိန်းကို ကာကွယ်ပေးနိုင်ရေး ဆွေးနွေနေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပူတင်နှင့် ယူကရိန်း ငြိမ်းချမ်းရေးကြားဝင်စေ့စပ်ထားမှုအရ အမေရိကန်စစ်သည်များကို ယူကရိန်းသို့ စေလွှတ်ပြီး ကင်းလှည့်ကာကွယ်ပေးနိုင်မည်မဟုတ်ဟု ဩဂုတ် ၁၉ ရက်၌ ထုတ်ပြန်ပြောဆိုခဲ့သည်။
လက်ရှိတွင် ဒေါ်နယ်ထရမ့်သည် ၂ ပတ်အတွင်း ဇီလန်းစကီးနှင့် ပူတင်တို့မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေးသဘောတူနိုင်ရေး ဆွေးနွေးတိုင်ပင်နေရာ သတင်းများအရ ယူကရိန်းသည် အမေရိကန်၌ အသည်းနှလုံးဖြစ်သော ဖလော်ရီဒါကဲ့သို့ အရေးပါသည့် ဒွန်ဘက်စ်ဒေသတစ်ခုလုံးအား ရုရှားအား ပေးရန် သဘောတူထားကြောင်း သိရသည်။
Wall Street Journal နှင့်အင်တာဗျူးတွင် ဒေါ်နယ်ထရမ့်က ပူတင်အနေဖြင့် နောက် ၂ ပတ်အကြာ၌ ယူကရိန်းနှင့်ငြိမ်းချမ်းရေးစာချုပ်ကို ငြင်းဆန်သွားမှုလည်း ဖြစ်နိုင်ကြောင်း၊ ပူတင်သည် ငြိမ်းချမ်းရေးရရန် ကြိုးစားနေသော်လည်း ဇီလန်းစကီးဘက်မှ လိုက်လျောညီထွေမရှိလျှင် ပိုမိုဆိုးရွားသည့်အခြေအနေ ရောက်နိုင်ကြောင်း၊ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရန်မျှော်လင့်ချက်လည်း လက်လွှတ်ရမည်ဖြစ်ကာ အမေရိကန်သည် စစ်ပွဲပြီးမှ မည်သည့်အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်သွားမည်ကို ဆုံးဖြတ်လုပ်ဆောင်ခွင့်ရှိနေသည်ဟု ပြောသွားခဲ့သည်။
သတင်းများအရ ပူတင်သည် ဇီလန်းစကီးနှင့်တွေ့ဆုံရန် မော်စကိုသို့ ဖိတ်ခေါ်သော်လည်း ဇီလန်းစကီး ဘက်မှ ယုံကြည်မှုမရှိသည့်နေရာဖြစ်သောကြောင့် ငြင်းဆန်ထားကြောင်း သိရသည်။
ကမ္ဘာစစ်များအတွင်း မပါခဲ့သည့် ဆွစ်ဇာလန်နိုင်ငံက ၎င်းတို့ ၂ ဦး တွေ့ဆုံမှုကို အိမ်ရှင်လုပ်ပေးရန် အနောက်အင်အားစုက ဆန္ဒပြုကြသော်လည်း ICJ မှ နိုင်ငံတကာဖမ်း၀ရမ်းထုတ်ထားသဖြင့် ယင်းအဖွဲ့ဝင်အဖြစ် ပူတင် အား ဆွစ်ဇာလန်သည် ဖမ်းဆီးပေးရမည့်တာဝန် ရှိနေသောကြောင့် ထိုအဆိုသည်လည်း ဖြစ်နိုင်ဖွယ်မရှိဟု သုံးသပ်နေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အမေရိကန်
#ဆွစ်ဇာလန်
#ပူတင်
#ယူကရိန်း








