မဲခေါင်၊ ဩဂုတ် ၁၈
ဝါရှင်တန်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးနှင့် ဒေါ်နယ်ထရမ့်တို့အပြင် ကမ္ဘာခေါင်းဆောင်များ ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆွေးနွေနေစဉ် ရုရှားသမ္မတပူတင်သည် ဩဂုတ် ၁၇ ရက်ည၌ ပြင်းထန်စွာဆက်လက်တိုက်ခိုက်နေရာ ခါကိဗ်ဒေသ၌ ကလေး ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် ချက်ချင်း စစ်ပွဲကို ရပ်တန့်နိုင်မည့်အခွင့်အရေး ရှိသည်ဟု ပြောနေချိန်၌ ယူကရိန်း၏ ဆူမီဒေသသို့ ရုရှားဘက်မှ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် ၂ ရက်က ပူတင်ကို ဒေါ်နယ်ထရမ့်သည် အလက်စကားသို့ ဖိတ်ခေါ်ပြီး ယူကရိန်းနှင့်ငြိမ်းချမ်းရေးရနိုင်ရန် သမိုင်းဝင်ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုနိုင်သေးဘဲ ဥရောပခေါင်းဆောင်များပါ ပါဝင်ပြီး ရုရှားဘက်မှတောင်းဆိုမှုများအား လက်ခံ ပေးနိုင်ရေး ဝါရှင်တန်တွင် ဆက်လက်ဆွေးနွေးနေရခြင်းဖြစ်သည်။
ယင်းအစည်းအဝေးမစတင်မီ ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် ချက်ချင်း စစ်ပွဲအား ရပ်တန့်သွား စေရေးနှင့် ဆက်လက်တိုက်ခိုက်ရေးအတွက် အဆုံးအဖြတ်ပေးရမည့်သူဟု ဆိုခဲ့သလို ခရိုင်းမီးယား ကိုလည်း ယူကရိန်းအနေဖြင့် ပြန်လည်ရယူရန် မစဉ်းစားနိုင်ကြောင်း၊ အနာဂတ်တွင် ယူကရိန်းပိုင်နယ်ကျန်ရှိနယ်မြေများ အာမခံချက်ရရေး နေတိုးအဖွဲ့ဝင်အဖြစ် အကာအကွယ်ယူခွင့်ကို လည်း ရုရှားဘက်မှ ပထမဆုံးအကြိမ် လက်ခံသည့်သဘောမျိုး မြင်တွေ့ခဲ့ရသည်ဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#ဇီလန်းစကီး
#ငြိမ်းချမ်းရေး








