မဲခေါင်၊ ဩဂုတ် ၁၅
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နာခွန်းရတ်ချာဆီးမားခရိုင်တွင် ဩဂုတ် ၁၃ ရက်က နေရာပေါင်း ၃၂ နေရာသို့ မူးယစ်အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းရာ ၃၄၅ ယောက်အထိ ဖမ်းမိခဲ့ပြီး ထိုထဲတွင် အစိုးရဝန်ထမ်း ၁၈ ဦးပါ ပါဝင်သည်ဟု တာဝန်ရှိသူများက ဩဂုတ် ၁၄ ရက်၌ သတင်းထုတ် ပြန်သွားခဲ့သည်။
No Drugs No Dealers ဟုအမည်ပေးထားသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူ ၃၄၅ ယောက်ဖမ်းမိခဲ့ကြောင်း၊ အသေးသားရောင်းဝယ်မှုပြုသူ ၃၉၅ ယောက်ရှိသည်ကိုလည်း စုံစမ်းစးသိရှိရကြောင်း၊ အစိုးရဝန်ထမ်း ၁၈ ဦးသည်လည်း မူးယစ်ဆေး ဝါးရာဇဝတ်မှုနှင့် ပတ်သက်ဆက်နွယ်နေပြီး ၉ ဦးမှာ မြူနီစပယ်ဝန်ထမ်းများဖြစ်ကာ ၇ ဦးမှာ ရွာသူကြီး၊ ၂ ဦးမှာ အရန်စစ်တပ်မှဖြစ်ကာ ၎င်းတို့အား ချက်ချင်း အလုပ်ထုတ်ပယ်လိုက်ပြီး ရုံတင် စစ်ဆေးအရေးယူသွားဖွယ်ရှိသည်ဟု ခရိုင်အကြီးအကဲ ချိုင်ဝပ်ချိုအန်ကိုဆန်က ထုတ်ပြန်ပြောဆိုခဲ့သည်။
၎င်းခရိုင်ထဲတွင် မူးယစ်ဆေးစွဲနေသူပေါင်း ၈၃၇၆ ဦးလည်းတွေ့ရှိရကာ ပြန်လည်သန်စွမ်းရေးဌာနသို့ ပို့ဆောင်ကာ ဆေးဖြတ်ပေးမည်ဟုလည်း ချိုင်ဝပ်က ရှင်းလင်းပြောကြားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး
#အစိုးရဝန်ထမ်း
#ရွာသူကြီး








