မဲခေါင်၊ ဩဂုတ် ၁၄
အောက်တိုဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်၊ အန်းကောရေ့ချ်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်း Elmendorf-Richardson တွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုမတိုင်မီ နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားစေမည့်သဘော အပြန်အလှန်ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြသည်။
ဇူလိုင် ၁၃ ရက်က ယူကရိန်းသမ္မတ ဇီလန်းစကီးအပါ ဥရောပခေါင်းဆောင်များနှင့် ဗီဒီယိုမှ တွေ့ဆုံ ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်က ၎င်းတင်သွင်းသည့် ငြိမ်းချမ်းရေးအဆိုကို ပူတင် လက်မခံပါက အလွန့်အလွန် ပြင်းထန်သော အကျိုးဆက်များကို ခံစားသွားစေရမည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ဩဂုတ် ၁၃ ရက်က ဗြိတိန်ရှိ အမေရိကန်မဟာဗျူဟာ နျူကလီးယားဗုံးကြဲလေယာဉ်များ ဆိုက်ကပ် ထားရာ RAF Fairford စစ်အခြေစိုက်စခန်းသို့ ရောက်ရှိနေစဉ် အမေရိကန် ဒုသမ္မတ ဗန်စီက ဆိုးသွမ်းသူနှင့် ငြိမ်းချမ်းရေးရယူရန်တွင် ၎င်းတို့အား ကြောက်ရွံ့စေမည့်နိုင်ကွက်ရှိမှသာ ဖြစ်နိုင်ကြောင်းနှင့် အမေရိကန် ဗုံးကြဲလေယာဉ်မှူးများသည် ငြိမ်းချမ်းရေးအတွက် နောက်ကွယ်မှ အကောင်အထည်ဖော်နိုင်သူများဖြစ်သည်ဟု ပူတင်အား ရည်ရွယ်ပြောကြားသွားခဲ့သည်။
ရုရှားသည်လည်း မဟာမိတ် ဘီလာရုစ်နှင့်ပူးပေါင်းကာ နျူကလီးယားလက်နက်တပ်ဆင်ခြင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ဘီလာရုစ်နိုင်ငံအတွင်း ပြုလုပ်နေပြီး ထိုလေ့ကျင့်မှုသည် ဗျူဟာမြောက် အဟန့်အတားဖြစ်ကာ အရာအားလုံးအတွက် အသင့်ဖြစ်နေရမည်ဟု ကရင်မလင် အစိုးရက ထုတ်ပြန် ခြိမ်းခြောက်ခဲ့သည်။
ဥရောပခေါင်းဆောင်များနှင့်တွေ့ဆုံမှုတွင် ဇီလန်းစကီးက မိမိတို့နိုင်ငံဥပဒေသည် ပြည်သူ့ဆန္ဒခံယူမှု မလုပ်ဘဲ နိုင်ငံပိုင်မြေကို မည်သူ့ထံမှ ပေးခွင့်မရှိကြောင်းနှင့် ပူတင်သည် ငြိမ်းချမ်းရေးကို မလိုချင်ဘဲ မိမိတို့နိုင်ငံ နယ်မြေများကိုသာ အလိုရှိနေသူဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဒေါ်နယ်ထရမ့်
#ပူတင်
#နျူကလီးယားစစ်ပွဲ
#ခြိမ်းခြောက်








