နေ့စဥ်သတင်း

အနုပညာကားချပ်များကို ဆင်ဆာဖြတ်မှုသည် ထိုင်းကို တရုတ်ဩဇာခံစေခြင်းဖြစ်ဟု နာမည်ကြီးဂျာနယ်လစ် ဝေဖန်

မဲခေါင် 12 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၂ ဘန်ကောက်ရှိ အနုပညာနှင့်ယဉ်ကျေးမှုစင်တာ (BACC) ၌ ပြသထားသော အနုပညာကားချပ်များကို တရုတ်သံရုံးမှ ဖိအားပေးပြီး လာရောက်ဆင်ဆာဖြတ်ခြင်း၊ ဖယ်ရှားခြင်းများပြုလုပ်သည့်အတွက် ထိုင်းနာမည်ကြီးဂျာနယ်လစ် ပရာဗစ်ရိုဂျန်နာဖရက်ခ်က ထိုင်းနိုင်ငံ၏ အနုပညာလွတ်လပ်မှုကို ပြည်ပ အစိုးရက လာရောက်စွက်ဖက်ခြင်းဖြစ်သလို ထိုင်းကို တရုတ်မောင်းနှင်သည့် ယာဉ်အဖြစ် မမြင်ချင်ကြောင်း ဝေဖန်ရေးသားသွားခဲ့သည်။ နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံကြသော နိုင်ငံအသီးသီးမှ အနုပညာသမား အများစု ပါဝင်တင်ဆက်သော အနုပညာကားချပ်များကို BACC တွင် ပုံမှန် ပြပွဲကျင်းပပေးနေရာ မြန်မာ၊ အီရန်၊ ရုရှား၊ ဆီးရီးယားတို့မှ တိမ်းရှောင်ရသူအနုပညာရှင်များ ပုံမှန်အားဖြင့် ၎င်းတို့နိုင်ငံ သံတမန်ရေး၊ စီပွားရေး၊ စစ်ရေးနှိမ့်ကွပ်မှုများအပေါ် အမြင်များ ဖလှယ်ကာ အနုပညာရပ်များအဖြစ် ဖန်တီးကာ

မဲခေါင်၊ ဩဂုတ် ၁၂

ဘန်ကောက်ရှိ အနုပညာနှင့်ယဉ်ကျေးမှုစင်တာ (BACC) ၌ ပြသထားသော အနုပညာကားချပ်များကို တရုတ်သံရုံးမှ ဖိအားပေးပြီး လာရောက်ဆင်ဆာဖြတ်ခြင်း၊ ဖယ်ရှားခြင်းများပြုလုပ်သည့်အတွက် ထိုင်းနာမည်ကြီးဂျာနယ်လစ် ပရာဗစ်ရိုဂျန်နာဖရက်ခ်က ထိုင်းနိုင်ငံ၏ အနုပညာလွတ်လပ်မှုကို ပြည်ပ အစိုးရက လာရောက်စွက်ဖက်ခြင်းဖြစ်သလို ထိုင်းကို တရုတ်မောင်းနှင်သည့် ယာဉ်အဖြစ် မမြင်ချင်ကြောင်း ဝေဖန်ရေးသားသွားခဲ့သည်။

နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံကြသော နိုင်ငံအသီးသီးမှ အနုပညာသမား အများစု ပါဝင်တင်ဆက်သော အနုပညာကားချပ်များကို BACC တွင် ပုံမှန် ပြပွဲကျင်းပပေးနေရာ မြန်မာ၊ အီရန်၊ ရုရှား၊ ဆီးရီးယားတို့မှ တိမ်းရှောင်ရသူအနုပညာရှင်များ ပုံမှန်အားဖြင့် ၎င်းတို့နိုင်ငံ သံတမန်ရေး၊ စီပွားရေး၊ စစ်ရေးနှိမ့်ကွပ်မှုများအပေါ် အမြင်များ ဖလှယ်ကာ အနုပညာရပ်များအဖြစ် ဖန်တီးကာ ပွဲသွင်းပြသကြခြင်းဖြစ်သည်။

လက်ရှိပြပွဲကို စတင်ဖွင့်လှစ်ပြီး ၂ ရက်အကြာ ၂၀၂၅ ဇူလိုင် ၂၆ ရက်တွင် ၈ လွှာရှိ ပြပွဲခန်းမသို့ တရုတ်သံရုံးမှလူများနှင့် ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဝင်ရောက်လာပြီး ဝီဂါ၊ ဟောင်ကောင်၊ တိဗက်၊ မြန်မာ အရေးများ၌ တရုတ်၏ ကြီးစိုးခြယ်လှယ်နေပုံ ဖော်ကျူးသော အနုပညာ ကားချပ်များအား တိတ်အမည်းဖြင့် စာလုံးများ၊ ပုံများ၊ ရှီကျင်းဖျင်ပုံများကို လိုက်ပိတ်ခြင်း၊ တချို့သော ပန်းချီကားများကို လုံး၀ ဖြုတ်ချခြင်းများ ပြုလုပ်ခဲ့သည်။

ထိုအထဲ မြန်မာပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီအား ရှီကျင်းဖျင်က လက်နက်များရောင်းချပေးနေခြင်း၊ ဂါဇာတွင် စစ်တိုက်နေသော အစ္စရေးအား လက်နက်များရောင်းချနေခြင်းဖော်ပြသည့် အနုပညာကားချပ်လည်း ပါဝင်ခဲ့သည်။

ပြပွဲအား ပူးတွဲထူထောင်သူ မြန်မာမှ ရှောင်ပြေးလာသူ အနုပညာရှင် ကိုစိုင်း ဆိုသူအား ထိုင်းဂျာနယ်လစ် ပရာဗစ်က ဆက်သွယ်မေးမြန်းရာတွင် ကိုစိုင်းသည် ထိုင်းရဲများ ရှာဖွေမှုခံနေရသဖြင့် ထိုင်းတွင်ပင် မနေထိုင်တော့ဘဲ တရုတ်၏ ကမ္ဘာချီ အနိုင်ကျင့်နေမှုဖြစ်သည်ဟု ပြောဆိုကြောင်း၊ တရုတ်၏ လုပ်ရပ်ကို BACC တာဝန်ရှိသူများ မကျေနပ်သော်လည်း ထိုင်းအစိုးရနှင့် သံတမန်နည်းလမ်းအရ ဖိအားပေးပြီး မြို့တော်အာဏာပိုင်များကိုပါ ဖိအားပေးစေခိုင်းသည့်အတွက် မလွန်ဆန်နိုင်ခဲ့ကြောင်း ပြောဆိုထားသည်။

BACC အနေဖြင့် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ အနုပညာဖော်ထုတ်ပြသမှုများ လုပ်ဆောင်သည်ကို တရုတ်မှ ဆင်ဆာဖြတ်၊ ဖြုတ်ပယ်ခြင်းများပြုနေမှုအား လူသိရှင်ကြား ကန့်ကွက်ကြောင်း စာထုတ်သင့်ကြောင်း၊ ထိုင်းသည် တရုတ်မောင်းနှင်နေသော ယာဉ်မဖြစ်စေချင်ကြောင်း၊ ဘန်ကောက်သည် လွတ်လပ်စွာဖော်ထုတ်ခွင့်အတွက် စံပြနေရာဖြစ်ခြင်းကို လာရောက် ပိတ်ပင်နေမှုက ထိုင်းသည် တရုတ်ဩဇာခံနေရသည့်အသွင်ရောက်ကြောင်း Khaosod မီဒီယာတွင် ဆောင်းပါးရေးသား ဝေဖန်သွားခဲ့သည်။

ပရာဗစ်က ကိုစိုင်းနှင့် အင်တာဗျူးစဉ် တရုတ်၏ ထိုင်းနှင့် မြန်မာနိုင်ငံအပေါ် ရှုပ်ထွေးစေသည့် ဆက်ဆံမှု အနေအထားအား မေးမြန်စဉ် ကိုစိုင်းက “ဒီကနေ့ မြန်မာနိုင်ငံဟာ တိဗက်မှာ ဆယ်စုနှစ်ချီ ဖြစ်နေတဲ့ အနေအထားအတိုင်းဖြစ်နေပါပြီ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နက်နက်နဲနဲ ချုပ်ကိုင်မှုကို ခံနေရတယ်။ တပါးတိုင်းပြည်အတွင်းရေးကို သူတို့က ကြီးမားစွာ ထိန်းချုပ်နေတယ်။ ၂၀၂၅ ခုနှစ်အတွင်း လားရှိုးဖြစ်စဉ်ကိုကြည့်ရင်ပဲ မြင်သာပါတယ်” ဟု ဖြေကြားခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#တရုတ်နိုင်ငံ
#ဩဇာလွှမ်းမိုး
#ထိုင်းနိုင်ငံ
#အနုပညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now