မဲခေါင်၊ ဩဂုတ် ၉
အမေရိကန်နှင့်တရုတ်ပင် ကြားဝင်စေ့စပ်မှုအရ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ၌ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း နောက်ဆုံးနယ်စပ်၌ နှစ်နိုင်ငံစစ်သားများ လေးဂွများဖြင့် ပစ်ခတ်ရန်စမှုများရှိလာသောကြောင့် ထိုမှတစ်ဆင့် လက်နက်ကြီး များဒုံးကျည်များဖြင့်ပစ်သည့် စစ်ပွဲကြီးပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်က လူမှုကွန်ရက်တွင် ရေးတင်ခဲ့သည်။
ဩဂုတ် ၈ ရက်နေ့တွင် ဟွမ်ဆန်က ထိုင်းစစ်သားများသည် ဖန်ဂေါ်လီများကို လေးဂွထဲထည့်ပြီး နယ်စပ်ဒေသ တာဝန်ကျ ကမ္ဘောဒီးယားစစ်သားများအား ရန်စပစ်ခတ်မှုများရှိနေသည်ကို ဓာတ်ပုံများဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် တင်ခဲ့ကာ ထိုင်းဘက်မှ အာဏာပိုင်များအနေဖြင့် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော စစ်ပွဲ အပစ်အခတ်ရပ်ပြီးမှ နှစ်ဖက် လေးဂွများဖြင့် ပစ်ခတ်ရန်စရာမှ သဘောတူညီ ချက်ပျက်ပြီး လက်နက်အင်အားကြီးမားစွာ သုံးသည့် စစ်ပွဲကြီး ပြန်ဖြစ်နိုင်သောကြောင့် တားဆီး ထိန်းသိမ်းသင့်သည်ဟု ရေးသားဖော်ပြသွားခဲ့သည်။
သက်ဆင်၏ သမီးပေထောင်တန်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့ဆုံမှုကို အသံဖမ်းပြီး ပေါက်ကြားစေခဲ့ ရာမှ နှစ်နိုင်ငံတင်းမာမှု ပိုဆိုးရွားစေခဲ့သူ ဟွမ်ဆန်ကို ၂၀၀၁ ခုနှစ်က ထိုင်းတက္ကသိုလ်ဖြစ်သော Ramkhamhaeng မှ နိုင်ငံရေးသိပ္ပံဖြင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးထားမှုကိုလည်း တက္ကသိုလ်ဘုတ်အဖွဲ့မှ အစည်းအဝေးလုပ်ပြီးနောက် ပြန်လည် ရုပ်သိမ်းခဲ့သေးသည်။
ထိုအခြေအနေတွင်လည်း ဟွမ်ဆန်က မည်သည့်အချိန်က ၎င်းအား မည်သို့ပေးခဲ့သော မည်သည့်ဘွဲ့ဖြစ်ကြောင်း မှတ်မိခြင်းပင် မရှိတော့ဟု ဆိုကာ လှောင်ပြောင်တုံ့ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: The Phnom Penh Post & bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#လေးဂွ
#ဟွမ်ဆန်








