နေ့စဥ်သတင်း

လောင်းကစားဝက်ဘ်ဆိုက်ထူထောင်သူကို ဘတ် ၅၆ သန်းနှင့်အတူ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ ဖမ်းဆီး

မဲခေါင် 7 Aug - 2025
မဲခေါင်၊ ဩဂုတ် ၇ နာမည်ကြီးအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် Auto888vip[dot]com အား ထူထောင်လုပ်ဆောင်နေသူ တစ်ဦးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဩဂုတ် ၆ ရက်နေ့တွင် ပသမ်ဌာနီရှိ ဇိမ်ခံအိမ်တစ်လုံး၌ ၀ရမ်းထုတ်ဖမ်းဆီးခဲ့ပြီး ဘတ် ၅၆ သန်းဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ခလောင်းနျူအန်းရပ်ရှိ နေအိမ်တွင် အသက် ၃၀ အရွယ် သာဝီဆက်ခ်အမည်ရ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိပြီး ၎င်းသည် ယင်းဝက်ဘ်ဆိုက်တွင် လောင်းကစားမှုများအတွက် ငွေပေး၊ ငွေထုတ် မှုများအား လုပ်ဆောင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ယင်းဝက်ဘ်ဆိုက်ကို ထူထောင်ခဲ့ရာမှ ၎င်းအမျိုးသားသည် ငွေကြေးများစွာ ကြွယ်၀နေကာ ဘတ် ၅ သန်းတန် Mercedes-Benz CLS53

မဲခေါင်၊ ဩဂုတ် ၇

နာမည်ကြီးအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် Auto888vip[dot]com အား ထူထောင်လုပ်ဆောင်နေသူ တစ်ဦးကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က ဩဂုတ် ၆ ရက်နေ့တွင် ပသမ်ဌာနီရှိ ဇိမ်ခံအိမ်တစ်လုံး၌ ၀ရမ်းထုတ်ဖမ်းဆီးခဲ့ပြီး ဘတ် ၅၆ သန်းဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ခလောင်းနျူအန်းရပ်ရှိ နေအိမ်တွင် အသက် ၃၀ အရွယ် သာဝီဆက်ခ်အမည်ရ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိပြီး ၎င်းသည် ယင်းဝက်ဘ်ဆိုက်တွင် လောင်းကစားမှုများအတွက် ငွေပေး၊ ငွေထုတ် မှုများအား လုပ်ဆောင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

လွန်ခဲ့သည့် ၂ နှစ်ကတည်းက ယင်းဝက်ဘ်ဆိုက်ကို ထူထောင်ခဲ့ရာမှ ၎င်းအမျိုးသားသည် ငွေကြေးများစွာ ကြွယ်၀နေကာ ဘတ် ၅ သန်းတန် Mercedes-Benz CLS53 ကားတစ်စီး၊ ဘတ် ၁၀ သန်းတန် BMW M4 ကားတစ်စီး၊ ငွေသား ဘတ် ၂၈ သန်း၊ တန်ဖိုးကြီးနာရီများ၊ နာမည်ကြီးအမှတ် တံဆိပ် ကုန်ပစ္စည်းများ စုစုပေါင်းတန်ကြေး ၅၆ သန်းဖိုးကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

၎င်းနေထိုင်လုပ်ကိုင်ရာ နေအိမ်နှင့်မြေတန်ကြေးသည် ဘတ် ၇ သန်းတန်ကာ ယင်းဝက်ဘ်ဆိုက် ပလက်ဖောင်းမှ လောင်းကစားလုပ်ကြသူပေါင်းလစဉ် ၃၀၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့သည့် ၆ လ ဆက်တိုက် ယင်းလောင်းကစားဝက်ဘ်ဆိုက်မှ အမြတ်ငွေထုတ်ယူနိုင်မှုမှာ တစ်လလျှင် ဘတ် သန်း ၂၀ ရှိကြောင်း သိရသည်။

ငွေထုတ်ယူမှုကို ATMs စက်များမှ ည ၁၀ နာရီနှင့် နံနက် ၅ နာရီ အချိန်များတွင် သွား ရောက်ထုတ်ယူလေ့ရှိကြောင်း၊ ဆက်လက်စုံစမ်းမှုများပြုလုပ်ပြီးလျှင် သိမ်းဆည်းရမည့် အရေအတွက် များထပ်တိုးလာနိုင်ကာ ဘတ် သန်း ၇၀ ဖိုးအထိ သိမ်းဆည်းမိနိုင်ကြောင်း ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ ရဲမှူး ချက်ပန်သာခန်းက ရှင်းလင်းပြောဆိုခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#အွန်လိုင်းလောင်းကစား
#ဆိုက်ဘာရဲတပ်ဖွဲ့
#လောင်းကစား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now