မဲခေါင်၊ ဩဂုတ် ၇
ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီးကြောင့် မီးလောင်ဧရိယာသည် ပဲရစ်မြို့ ဧရိယာထက်ပင် ပိုမိုကျယ်ပြန့်လာကာ ကပ်ဘေးအသွင်ဆောင်နေပြီဖြစ်သည်။
လက်ရှိတွင် မီးသတ်သမား ၂၀၀၀ ကျော်ပါဝင်မီးငြိမ်းသတ်နေကာ လေယာဉ်ပေါ်မှ ရေများကျဲချမှု အကြိမ်ကြိမ်လုပ်နေသော် လည်း မီးလောင်ဧရိယာပိုကျယ်ပြန့်လာသလို စံပြကျေးရွာများစွာလည်း မီးလောင်ပြင်ထဲ ပါဝင်သွားခဲ့ ပြီး ဧက ၄၀၀၀၀ ကျော် မီးလောင်ခဲ့ပြီးဖြစ်သည်။
စိန့်လောရင့်ဒီလာကက်ဘရီရစ်ဆီ အရပ်တွင် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပွားနေရာ ကောင် ကင်တစ်ခုလုံးမဲမှောင်နေပြီး နေအိမ်များအတွင်းသို့လည်း မီးခိုးနှင့်ပြာများစွာ ဝင်ရောက်နေသဖြင့် ကပ်ဘေးအသွင်ဆောင်လာကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်နွိုက်စ်ဘေရူက စိတ်ပျက်စွာ ပြောဆိုခဲ့သည်။
လက်ရှိတွင် တစ်ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေပြီး မီးသတ်သမား ၁၁ ဦးအပါအဝင် လူပေါင်း ၁၃ ဦး မီးလောင်ဒဏ်ရာများရခဲ့ကြောင်းလည်း သိရသည်။
ပြင်သစ်နိုင်ငံတော်အရေးပေါ် ဝန် ဆောင်မှုအဖွဲ့က မှတ်တမ်းမှတ်ရာများစတင်လုပ်ဆောင်သည့် ၂၀၀၆ ခုနှစ်နောက်ပိုင်း ယခုလောင်ကျွမ်း သော တောမီးသည် အဆိုးရွားဆုံးဖြစ်ကာ အလွန်ကြီးမားသည့် မကြုံစဖူး တောမီးအန္တရာယ်နှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်ဟု ဖရန်နွိုက်စ်က ဆိုသည်။
တောမီးသည် ပြင်သစ်တွင်သာမက ယခုရက်ပိုင်းများအတွင်း စပိန်တောင်ပိုင်းတွင်လည်း ကမ်းခြေအပန်းဖြေမြို့အနီး လောင်ကျွမ်းနေရာ အမြန်ဆုံးကူးစက်သည့် တောမီးဖြစ်လာနေကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။
အယ်လ်ဂီစီယက်စ်အရပ်တွင် တောမီးကြောင့် ရာနှင့်ချီသော ပြည်သူများ နေအိမ်စွန့်ခွာထွက်ပြေးကာ ကယ်ဆယ်ရေးအဆောက်အအုံများအတွင်း စုဝေးနေထိုင်နေရသည်။
တနင်္ဂနွေနေ့တွင် စတင်လောင်ကျွမ်းသော စပိန်တောင်ပိုင်း တောမီးကို ငြိမ်းသတ်ရန် လေယာဉ် ၁၇ စီးပါ အသုံးပြုပြီး ငြိမ်းသတ်နေသော်လည်း မီးကူးစက်မှု အလွန်လျှင်မြန်နေသဖြင့် ထိန်းနိုင်ခြင်းမရှိ သေးဟု ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေးထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပြင်သစ်
#တောမီး
#ပဲရစ်မြို့
#စပိန်








