နေ့စဥ်သတင်း

မြန်မာဇနီးမောင်နှံ့ကို ရိုက်နှက်သူ မျက်နှာဖုံးစွပ် ၄ ဦးကို စုံစမ်းဖော်ထုတ်မည်ဟု ထိုင်းရဲစခန်းမှူးကတိပြု

မဲခေါင် 4 Aug - 2025
မဲခေါင်၊ ဩဂုတ် ၄ ထိုင်းနိုင်ငံ ရတ်ချာဘူရီခရိုင်ရှိ မြန်မာဇနီးမောင်နှံအား မျက်နှာဖုံးစွပ်များဝတ်ထားပြီး ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခဲ့သူ ၄ ဦးကို စုံစမ်းဖော်ထုတ်သွားမည်ဟု ဖိုတာရမ် ရဲစခန်းမှ ထုတ်ပြန်သွားခဲ့သည်။ ဒါဝင်း (Da Win) ဆိုသည့် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့သည် ဇူလိုင် ၂၉ ရက် ညက ညဆိုင်းအလုပ်ဆင်းရန် နေထိုင်ရာလိုင်းခန်းလမ်းသွယ်မှ မထွက်မီ ဦးထုပ်များဆောင်ထားပြီး မျက်နှာဖုံးစွပ်ထားသူ ၄ ဦးက ဆိုင်ကယ်ပေါ်မှ ဒရွတ်တိုက်ဆွဲချကာ ဒါဝင်းကို ထိုးကြိတ်ရိုက်နှက်သလို ခင်ပွန်းဖြစ်သူကိုလည်း သစ်သားတုတ်၊ သံလက်သီးများဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေသည်အထိ ရက်စက်စွာထိုးကြိတ်ခဲ့ကြောင်း၊ ဒါဝင်းသည် ဦးခေါင်းရှေ့ပိုင်း ဒဏ်ရာများရသလို ပါးရိုးကျိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ယောင်ရမ်းခြင်း၊

မဲခေါင်၊ ဩဂုတ် ၄

ထိုင်းနိုင်ငံ ရတ်ချာဘူရီခရိုင်ရှိ မြန်မာဇနီးမောင်နှံအား မျက်နှာဖုံးစွပ်များဝတ်ထားပြီး ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခဲ့သူ ၄ ဦးကို စုံစမ်းဖော်ထုတ်သွားမည်ဟု ဖိုတာရမ် ရဲစခန်းမှ ထုတ်ပြန်သွားခဲ့သည်။

ဒါဝင်း (Da Win) ဆိုသည့် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့သည် ဇူလိုင် ၂၉ ရက် ညက ညဆိုင်းအလုပ်ဆင်းရန် နေထိုင်ရာလိုင်းခန်းလမ်းသွယ်မှ မထွက်မီ ဦးထုပ်များဆောင်ထားပြီး မျက်နှာဖုံးစွပ်ထားသူ ၄ ဦးက ဆိုင်ကယ်ပေါ်မှ ဒရွတ်တိုက်ဆွဲချကာ ဒါဝင်းကို ထိုးကြိတ်ရိုက်နှက်သလို ခင်ပွန်းဖြစ်သူကိုလည်း သစ်သားတုတ်၊ သံလက်သီးများဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေသည်အထိ ရက်စက်စွာထိုးကြိတ်ခဲ့ကြောင်း၊ ဒါဝင်းသည် ဦးခေါင်းရှေ့ပိုင်း ဒဏ်ရာများရသလို ပါးရိုးကျိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ယောင်ရမ်းခြင်း၊ နံရိုးများနာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းများကြောင့် ဆေးရုံတင်ခဲ့ရသလို ခင်ပွန်းသည်လည်း ခြေ၊ လက်၊ ခန္ဓာကိုယ်များတွင် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သည်။

ဘန်ခေါင်းခရိုင်ခွဲ ဖိုတာရမ်ရဲစခန်းသို့ ဒါဝင်းက အမှုဖွင့်ခဲ့ကာ ရွာသူကြီးဦးဆောင်မှုနှင့် ကရင်စကားပြန်မှ ကြားဝင်မေးမြန်းမှုအရ ဒါဝင်းတို့ ဇနီးမောင်နှံသည် ယင်းနေရပ်တွင် ၆ နှစ်ကြာ နေထိုင်ခဲ့ကာ မည်သူနှင့်မျှ ပြဿနာမရှိခဲ့ကြောင်း၊ မည်သည့်စကားမှ မပြောဘဲ ရိုက်နှက်နှိပ်စက်စဉ် ထိုင်းရိုးရာ အစဉ်အလာလက်ဟန်အမူအယာဖြင့် တောင်းပန်နေသည့်ကြားမှ ရက်စက်စွာ ရိုက်နှက်နှိပ်စက်မှု၌ မည်သည့်အကြောင်းကြောင့် ဆိုသည်ကို သိချင်ကြောင်း၊ တိုက်ခိုက်လာသူများသည်လည်း မြန်မာများ ဖြစ်နိုင်သည်ဟု ယူဆမိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

ဒါဝင်းက ၆ နှစ်အတွင်း ပြဿနာမရှိခဲ့သော်လည်း ပြီးခဲ့သည့် လအနည်းငယ်က အိမ်နီးနားချင်းတစ်ဦးနှင့် ကားပါကင်ကိစ္စ စကားများကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံမှုတစ်ခု ရှိခဲ့ဖူးသည်ဟု ဆိုခဲ့ရာ ထိုနေအိမ်ရှိ အမျိုးသားအား စစ်ဆေးရာတွင် အခင်းမဖြစ်မီ ၅ မိနစ်နှင့် ၁၀ မိနစ် ဝန်းကျင်ကတည်းက အလုပ်သွားနှင့်ပြီးနေသည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ထိုမျှ ထိုင်းထုံးတမ်းအစဉ်အလာအရ တိုးလျှိုးတောင်းပန်နေသည့် လင်မယားအား ယခုလို မပြောမဆို ရက်စက်စွာ တိုက်ခိုက်ကြသူများသည် နောင်တွင်လည်း မည်သူ့ကိုမဆို ရန်ပြုနိုင်သည့် အန္တရာယ်ရှိသောကြောင့် မဖြစ်မနေ စုံစမ်းဖော်ထုတ်သွားရမည်ဟု‌ ဖိုတာရမ် ရဲစခန်းမှူးက မီဒီယာများအား ရှင်းလင်းထုတ်ပြန် ကတိပေးသွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#မြန်မာလုပ်သား
#ရိုက်နှက်
#ရတ်ချာဘူရီခရိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now