မဲခေါင်၊ ဩဂုတ် ၁
ထိုင်းတော်ဝင်လေတပ်သည့် ပြီးခဲ့သည့် ကမ္ဘောဒီးယားနှင့် နယ်စပ်စစ်ပွဲတွင် မဟာဗျူဟာမြောက်အဖြစ် တိုက်ခိုက်နိုင်ခဲ့သော F 16 တိုက်လေယာဉ်များသည် အသုံးပြုခဲ့သည်မှာပင် ၃၇ နှစ်ရှိပြီဖြစ်သောကြောင့် ၂၀၂၈ ခုနှစ်မှစတင်ပြီး ယင်းတိုက်လေယာဉ်စုနေရာ ဆွီဒင်ထုတ် Gripen E/F ဖိုက်တာ ဂျက်လေယာဉ်များ အစားထိုး အသုံးပြုရန် စီစဉ်မည်ဟု ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားမီဒီယာများက ထိုင်းသည် ပြီးခဲ့သည့် နယ်စစ်စစ်ပွဲအတွင်း Gripen E/F ဖိုက်တာ ဂျက်လေယာဉ်တချို့လည်း အသုံးပြုကာ အရပ်သားပြည်သူများကို တိုက်ခိုက်ခဲ့သောကြောင့် ဆွီဒင် အစိုးရနှင့် Gripen E/F ထုတ်ကုမ္ပဏီက တိုက်လေယာဉ်များ ထိုင်းထံ မရောင်းတော့ဟု ဖော်ပြနေကြ သော်လည်း ထိုင်းဘက်မှ ငြင်းဆန်ခဲ့ပြီး ဘန်ကောက်ရှိ ဆွီဒင်သံမှူးကပင် ထိုသတင်းမဟုတ်မှန်ဟု အတည်ပြုခဲ့သည်ဟု ထိုင်းမီဒီယာများဘက်က ပြန်လည် ဖော်ပြခဲ့ကြသည်။
ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့ကတည်းက ထိုင်းတော်ဝင်လေတပ်က F 16 တိုက်လေယာဉ် ၁၂ စီးနေရာ တွင် ၂၀၂၈ မှ ၂၀၃၅ ခုနှစ်အတွင်း Gripen E/F ဖိုက်တာဂျက်လေယာဉ်များကို တစ်ဆင့်ချင်း အစားထိုး လဲလှယ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သေးသည်။
ထို့အတွက် ၂၀၂၈ ခုနှစ်၌ ပထမအဆင့် Gripen E/F ဖိုက်တာ ၄ စီး ဝယ်ယူခြင်းအတွက် ဒေါ်လာ ၅၉၅ သန်း ကုန်ကျခံရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။
တော်ဝင်ထိုင်းလေတပ်သည် ၂၀၂၅ ဩဂုတ်လကတည်းက ဆွီဒင်အစိုးရနှင့် Gripen E/F ဖိုက်တာများ ဝယ်ယူရန်၊ ပိုင်းလော့များကို သင်တန်းပေးရန်၊ မည်သည့်အချိန်တပ်တော်ဝင်နိုင်ရန် ဆွေးနွေး သဘော တူခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ကာ အဆိုပါ Gripen E/F ဖိုက်တာများ၏ ကုန်ကျစားရိတ်သည် F 16 များ ထက်များစွာ သက်သာသည်ဟုလည်း ရှင်းလင်းခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းလေတပ်
#တိုက်လေယာဉ်
#ဆွီဒင်
#နယ်စပ်စစ်ပွဲ








