မဲခေါင်၊ ဩဂုတ် ၁
အပစ်အခတ်ရပ်စဲသွားသော်လည်း နယ်စပ်စစ်ပွဲမတိုင်မီ ကာလအတော်ကြာကတည်းက အပြန်အလှန် စွပ်စွဲ၊ အပြန်အလှန်ငြင်းဆိုမှုများဆက်တိုက်လုပ်နေသော ထိုင်း-ကမ္ဘောဒီးယားအရေးတွင် ယခုနောက် ဆုံး အငြင်းပွားစရာ စွပ်စွဲ ငြင်းဆိုမှု ထပ်ဖြစ်လာခဲ့ပြန်သည်။
ကမ္ဘောဒီးယား မိုင်းလှုပ်ရှားမှုနှင့် ထိခိုက်နစ်နာများ ကူညီစောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့ (CMAA) ဒါရိုက်တာ ဟန်းရန်တာနာက ကမ္ဘောဒီးယားနပ်စပ် လူနေအိမ်များအောက်တွင် မြေအောက်နစ်မြုပ်နေ သော ပေါင် ၂၀၀၀ ဗုံးကြီးမှာ ထိုင်းလေတပ် လက်ချက်ဟု စွပ်စွဲခဲ့ရာ မည်သို့မျှ မဖြစ်နိုင်သော ယုတ္တိမတန်သည့် စွပ်စွဲမှုဟု ထိုင်းတော်ဝင်လေတပ်က ငြင်းချက်ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ပြသသော ဗုံးကြီးမှာ မြေအောက်တွင် လှဲလျက်သားအနေအထားဖြစ်နေသလို မြေကြီးထဲလည်း အတော်နက်နက်၌ တွေ့ရှိရသည့် မှတ်တမ်းဓာတ်ပုံများအရ အနောက်တိုင်းထုတ် MK-84 ပေါင် ၂၀၀၀ ကြဲဗုံးကြီးကို မိမိတို့ လေတပ်မှ ပစ်ချခဲ့သည်ဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သော အနေအထားဖြစ်ကြောင်း၊ မိမိတို့ လေတပ်တွင်သုံးသော ကျဲဗုံးများအားလုံးမှာ အသစ်များသာဖြစ်သည် ဟု ထိုင်းတော်ဝင်လေတပ် ဒုတပ်မှူး ပရာပက်စ်ဆွန်ချိုင်ဒီက ဇူလိုင် ၃၁ ရက်၌ ထုတ်ပြန်ရှင်းလင်းသွား ခဲ့သည်။
ဇူလိုင် ၃၀ ရက်နေ့တွင်လည်း ကမ္ဘောဒီးယားအမျိုးသားညီလာခံဥက္ကဌ ဝမ်နော်က ထိုင်းလေတပ်သည် တိုက်ပွဲကာလအတွင်း ကမ္ဘောဒီးယားနယ်စပ် အရပ်သားပစ်မှတ်များ၊ စာသင်ကျောင်းနှင့် ဆေးရုံများကို ကလက်စတာဗုံးများ၊ ဓာတုဗုံးများ ကျဲခဲ့သည်ဟု စွပ်စွဲခဲ့သေးရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာသို့ ၁၅ ကြိမ် မြောက် သုံးနိုင်ငံထိပ်သီးအစည်းအဝေးပွဲတက်ရောက်နေသော ထိုင်းလွှတ်တော်ဥက္ကဌ ဝမ်နော်က လူမှုကွန်ရက်များပေါ်မှ သတင်းတုများကို ပါလီမန်ဥက္ကဌမှပါ မှားယွင်းစွပ်စွဲနေသည့်အတွက် အထောက်အထားများဖြင့် ပြန်တင်ပြသွားမည်ဟု ခုခံပြောဆိုသွားခဲ့သေးသည်။
ကိုကလင်း
Ref: Khaosod
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#ဗုံးကြဲ
#နယ်စပ်စစ်ပွဲ








