မဲခေါင်၊ ဇူလိုင် ၂၉
ထိုင်းအစိုးရအဖွဲ့က ဇူလိုင် ၂၉ ရက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူပြီးမှ ကမ္ဘောဒီးယား ဘက်မှ မလိုက်နာဘဲ ဆက်လက်တိုက်ခိုက်မှု အထောက်အထားများကို အာဆီယံခုံသမာဓိ၊ တရုတ်နှင့် အမေရိကန်နိုင်ငံများထံ တင်ပြကာ ဥပဒေအရ တရားစွဲသွားမည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် အစိုးရရုံး၌ နယ်စပ်အရေး ဆွေးနွေးခဲ့ပြီး နောက် ဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က မိမိတို့ထိုင်းဘက်မှ အပစ်ရပ်စဲရေးသဘောတူပြီးသည်နှင့် အဖြစ်နိုင်ဆုံး၊ အမြန်ဆုံး သဘောတူညီချက်များကို လိုက်နာနိုင်ရန် အားစိုက်ကြိုးပမ်းခဲ့ကြောင်း၊ မလေးရှားနိုင်ငံ ပူထရာဂျာယာ၌ အပစ်ရပ်စဲရေး ဆွေးနွေးမှုလုပ်ဆောင်ရာတွင် လေးစားမှုအပြည့်ဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးရနိုင်စေရေး ဖြစ်နိုင်သမျှနည်းလမ်းစုံ လုပ်ဆောင်လိုက်နာခဲ့ကြောင်း ပြောသည်။
ထိုအခြေအနေတွင် ကမ္ဘောဒီးယားဘက်မှ မရိုးသားစွာဖြင့် သဘောတူညီချက်များအား ချိုးဖောက်လာခဲ့သည် အား သက်သေများအဖြစ် အာဆီယံ ခုံသမာဓိ၊ တရုတ်နှင့် အမေရိကန်တို့ထံ တင်ပြကာ တရားမျှတ မှုကိုမြင်စေမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဘက်မှ နိုင်ငံရေးအကျိုးအမြတ်ထုတ်ရန် မဟုတ်မမှန် သတင်းအချက်အလက်များထုတ်နေသည်ကိုလည်း လက်ခံမည်မဟုတ်ဘဲ ချိုးဖောက်လာပါက ပြည်သူ နှင့် အချုပ်အခြာအာဏာပိုင်မြေအတွက် လက်တုံ့ပြန်သွားရန် စစ်ရေးအသင့်အနေအထား ထားရှိဦး မည်ဟု ထုတ်ပြန်သွားသည်။
ကိုကလင်း
Ref:Khaosod
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#အပစ်အခတ်ရပ်စဲရေး
#ချိုးဖောက်








