မဲခေါင်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် ရံဖန်ရံခါ အရက်၊ ဘီယာသောက်သုံးသူတစ်ဦး တစ်လကုန်ကျစားရိတ်သည် ဘတ် ၁၆၀၀ ရှိပြီး ကြိုက်ပြီးပုံမှန်မှီဝဲသူယမကာသမားတစ်ဦး တစ်လ ကုန်ကျစားရိတ်မှာ ပျမ်းမျှ ဘတ် ၄၀၀၀ နီးပါး ရှိကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် လူဦးရေ ကျန်းမာရေး အပြုအမူ စစ်တမ်း (Population Health Behavior Survey) ကောက်ခံမှုမှ သိရှိရသော ကုန်ကျစားရိတ်များဖြစ်ပြီး အိမ်တွင် အရက်ဝယ်သောက်မှုအတွက် တစ်လ ကုန်ကျစားရိတ် ၁၁၁၉ ဒသမ ၂၅ ဘတ်၊ စားသောက်ဆိုင်ထိုင်သောက်မှု ကုန်ကျစားရိတ် တစ်လ ၅၅၇ ဒသမ ၉၈ ဘတ် ရှိကြောင်း၊ ပျမ်းမျှ အရက်သောက်သည့် အမျိုးသားတစ်ဦးကုန်ကျစားရိတ်သည် အမျိုးသမီး တစ်ဦးပျမ်းမျှ အရက်တစ်လအရက်ဖိုးထက် ၂ ဆကျော်ပိုကုန်ကာ အမျိုးသားအရက်သမား တစ်လ ကုန်ကျစားရိတ် ၁၈၇၆ ဒသမ ၄၂ ဘတ်ရှိချိန် အမျိုးသမီးတစ်ယောက် တစ်လပျမ်းမျှ အရက်ဖိုးသည် ၈၀၂ ဒသမ ၃၆ ဘတ်ရှိနေသည်။
ပုံမှန်အရက်သောက်သုံးသူတစ်ဦး တစ်လကုန်ကျစားရိတ်မှာ တစ်ခါတစ်ရံမှသာသောက်သုံးသူ၏ တစ်လ အရက်ဖိုးထက် ၇ ဒသမ ၆ ဆ ပိုများပြီး ပုံမှန်သောက်သူ တစ်လကုန်ကျငွေမှာ ၃၀၄၇ ဒသမ ၅၄ ဘတ် ရှိချိန် ရံဖန်ရံခါသောက်သူ တစ်လ အရက်ဖိုးသည် ၄၀၂ ဒသမ ၁၁ ဘတ်သာ ရှိကြောင်း သိရသည်။
ပုံမှန် သောက်သုံးသူသည် အိမ်တွင် ဝယ်သောက်သည်ကများပြီး တစ်လပျမ်းမျှ အိမ်တွင်ဝယ်သောက်မှု အတွက် ၂၁၂၀ ဒသမ ၅၃ ဘတ်ကုန်ကျကာ ဆိုင်တွင်သောက်သုံးမှုအတွက် ၉၂၇ ဒသမ ၀၁ ဘတ်သာ ကုန်ကျကြောင်း တွေ့ရှိရသည်။
ရံဖန်ရံခါ သောက်သုံးသူများ အိမ်တွင်သောက်မှုအတွက် တစ်လ ကုန်ကျ စားရိတ် ၂၄၃ ဒသမ ၆၈ ဘတ် ရှိပြီး ဆိုင်တွင်သောက်သုံးမှုအတွက် ၁၅၈ ဒသမ ၅၁ ဘတ်သာ ကုန်ကျသည်။
ပုံမှန်စွဲမြဲအရက်သောက်သုံးသူတစ်ဦး ကုန်ကျစားရိတ်သည် ပုံမှန်သောက်သူတစ်ဦး ကုန်ကျ စားရိတ်ထက် ၃ ဆ ပိုကုန်ပြီး တစ်လ ၃၇၂၂ ဒသမ ၁၉ ဘတ်ကုန်ကာ ပုံမှန်သောက်သူတစ်ဦးတစ်လ ကုန်ကျ စားရိတ်မှာ ၁၄၁၅ ဒသမ ၈၂ ဘတ်သာရှိကြောင်းလည်း သိရသည်။
အလွန်အကျူးသောက်သူများသည်လည်း အိမ်တွင်သောက်သည့်ကုန်ကျစားရိတ်က ပိုများပြီး တစ်လ ၂၄၆၆ ဒသမ ၆၈ ဘတ်ကုန်ကာ သာမန် သောက်သူ အိမ်တွင်သောက်သဖြင့် တစ်လကုန်ကျစားရိတ်သည် ၁၂၅၅ ဒသမ ၅၁ ဘတ်သာ ရှိကြောင်း စိစစ် သိရှိရသည်။
ကိုကလင်း
Ref: Alcohol Research Center / Alcohol Abstinence Network
#MeKongNews
#ထိုင်းနိုင်ငံ
#ယမကာ
#ပုံမှန်သောက်သုံးသူ
#ယမကာစရိတ်








