မဲခေါင်၊ ဇူလိုင် ၂၈
လုံခြုံရေးကုမ္ပဏီ ဝန်ထမ်းဟောင်းတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဘန်ကောက်မြို့၊ ချပ်တူချပ်အရပ်ရှိ Or Tor Kor ဈေးတွင် လုံခြုံရေး ၄ ဦးနှင့် ဈေးသည်တစ်ဦး သေဆုံးပြီး ပစ်ခတ်သူလည်း ကိုယ့်ကိုကိုယ်သတ်သေသည့်အတွက် သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိခဲ့သည်။
ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်သူမှာ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နခွန်ရပ်ချာစီမာခရိုင်၊ ခေါင်အရပ်မှဖြစ်ကြောင်း သိရသည်။
ပစ်ခတ်သူမှာ ပစ်သတ်ခံရသည့် လုံခြုံရေးဝန်ထမ်းမှာ အလုပ်လုပ်ရာ လုံခြုံရေးကုမ္ပဏီမှ ဝန်ထမ်းဟောင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ဈေးအလည်တွင် ကိုယ့်ကိုကိုယ့် ပစ်ခတ်ကာ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် ၄ ဦး သေဆုံးပြီး ၃ ဦးမှာ လုံခြုံရေးဝန်ထမ်းများဖြစ်ကာ တစ်ဦးမှာ ဈေးသည်ဖြစ်ကြောင်း၊ နောက်ထပ်သေဆုံးသူတစ်ဦးမှာ လုံခြုံရေးဝန်ထမ်းဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်ချက် မကြာမီထွက်လာဖွယ်ရှိကြောင်း ထိုင်းသတင်းများက ဆိုသည်။
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ဘန်ကောက်
#ပစ်ခတ်မှု
#လုံခြုံရေးဝန်ထမ်း








