မဲခေါင်၊ ဇူလိုင် ၂၇
ဇူလိုင် ၂၆ ရက်က ဖူမက်ဟွာဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ တိုက်ပွဲဖြစ်ပွားရာ၌ လက်နက်ကြီးကျည် ထိမှန်သောကြောင့် ကမ္ဘောဒီးယား တပ်မ (၇) တပ်မှူး ဗိုလ်ချုပ် ဒေါင်ဆွမ်နန်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။
ဖူမက်ဟွာဒေသ ချောင်တာသယိုအရပ်ကို ထိုင်းစစ်သားများမှ ထိုးစစ်ဆင်ထိန်းချုပ်ပြီးနောက် ကမ္ဘောဒီးယားတပ်မှ တန်ပြန်ထိုးစစ်ဆင်နေစဉ်အတွင်း လက်နက်ကြီး ထိမှန်ကာ ကမ္ဘောဒီးယားစစ်သည် များစွာ ကျဆုံးရာတွင် ဗိုလ်ချုပ်ဒေါင်ဆွမ်နန်းလည်း ပါဝင်ခဲ့သည်ဟု ထိုင်းမီဒီယာက ဖော်ပြခဲ့သည်။
မည်သည့်လက်နက်ကြီး ထိမှန်သည်ကိုမူ မဖော်ပြဘဲ ထိုင်းဘက်မှ ထိုတိုက်ပွဲအတွက် F 16 ဖိုက်တာ ဂျက်လေယာဉ် ၂ စီး၊ Gripens ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းဘက်မှ ဖူမက်ဟွာကို ထိန်းချုပ်နိုင်ပြီးနောက် ကမ္ဘောဒီးယားတပ်သားများကျန်ရစ်ခဲ့သည့် AK 47 ၁၀ လက်၊ M16 A4 တစ်လက်၊ RPD စက်သေနတ် ၃ လက်၊ RPG ၃ လက်၊ LG 4 40 မမ ၂ လက်၊ PF 89 (FAE) ၂ လက်၊ Tokarev ပစ္စတို ၂ လက်၊ PLS သေနတ် ၁ လက်၊ PTO 12.7 လေယာဉ်ပစ်လက်နက် ၂ လက်၊ C.82 mortars ၃ ခု၊ C.100 mortars ၁ ခု၊ DJI ဒရုန်း ၁ စင်း၊ မိုဘိုင်းဖုန်း ၇ လုံး သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#ဖူမက်ဟွာ
#ကျဆုံး








