နေ့စဥ်သတင်း

CCM အဖွဲ့ဝင်မဟုတ်သောကြောင့် ကလက်စတာဗုံးများဖြင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခွင့်ရှိဟု ထိုင်းဆို

မဲခေါင် 26 Jul - 2025
မဲခေါင်၊​ ဇူလိုင် ၂၆ လက်ရှိ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် ယာယီ ဝန်ကြီးချုပ်လည်းဖြစ်သော ဖမ်သမ်ဝီချာယာချိုင်က ကမ္ဘောဒီးယားဘက်မှ စွပ်စွဲထားသလို တိုက်ပွဲအတွင်း ကလက်စတာဗုံးများအသုံးပြုနေသည်ဆိုခြင်းအား ငြင်းပယ်ခြင်းလည်းမပြု ဝန်ခံခြင်းလည်း မပြုသော်လည်း ထိုင်းသည် အမေရိကန်နှင့် ရုရှားတို့ကဲ့သို့ပင် Convention on Cluster Munitions (CCM) တွင် လက်မှတ်ထိုးထားသောနိုင်ငံ မဟုတ်သောကြောင့် ရန်သူ၏ စစ်ရေးပစ်မှတ်များအား ကလက်စတာဗုံးများ အသုံးပြု တိုက်ခိုက်ခွင့်ရှိသည်ဟု ဇူလိုင် ၂၅ ရက်၌ ရှင်းလင်း ထုတ်ပြန်ခဲ့သည်။ မိမိတို့အား ကမ္ဘောဒီးယားဘက်မှ ဦးစွာ စတင်ပစ်ခတ်တိုက်ခိုက်သည့် သက်သေများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အစီရင်ခံတင်ပြထားပြီးဖြစ်ကာ ကမ္ဘောဒီးယားနှင့် နှစ်နိုင်ငံ စစ်ပွဲအသွင်လည်း မဟုတ်ဘဲ နယ်စပ်တိုက်ပွဲဖြစ်ခြင်းမျှသာဖြစ်ကြောင်း၊ ရန်သူဘက်မှ

မဲခေါင်၊​ ဇူလိုင် ၂၆

လက်ရှိ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် ယာယီ ဝန်ကြီးချုပ်လည်းဖြစ်သော ဖမ်သမ်ဝီချာယာချိုင်က ကမ္ဘောဒီးယားဘက်မှ စွပ်စွဲထားသလို တိုက်ပွဲအတွင်း ကလက်စတာဗုံးများအသုံးပြုနေသည်ဆိုခြင်းအား ငြင်းပယ်ခြင်းလည်းမပြု ဝန်ခံခြင်းလည်း မပြုသော်လည်း ထိုင်းသည် အမေရိကန်နှင့် ရုရှားတို့ကဲ့သို့ပင် Convention on Cluster Munitions (CCM) တွင် လက်မှတ်ထိုးထားသောနိုင်ငံ မဟုတ်သောကြောင့် ရန်သူ၏ စစ်ရေးပစ်မှတ်များအား ကလက်စတာဗုံးများ အသုံးပြု တိုက်ခိုက်ခွင့်ရှိသည်ဟု ဇူလိုင် ၂၅ ရက်၌ ရှင်းလင်း ထုတ်ပြန်ခဲ့သည်။

မိမိတို့အား ကမ္ဘောဒီးယားဘက်မှ ဦးစွာ စတင်ပစ်ခတ်တိုက်ခိုက်သည့် သက်သေများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အစီရင်ခံတင်ပြထားပြီးဖြစ်ကာ ကမ္ဘောဒီးယားနှင့် နှစ်နိုင်ငံ စစ်ပွဲအသွင်လည်း မဟုတ်ဘဲ နယ်စပ်တိုက်ပွဲဖြစ်ခြင်းမျှသာဖြစ်ကြောင်း၊ ရန်သူဘက်မှ မိမိတို့ပြည်သူနှင့် အရပ်သား ပစ်မတ်များအား ပစ်ခတ်တိုက်ခိုက်လာမှုတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအဖြစ် ရန်သူ တိုက်ခိုက်ရာ စစ်ရေးပစ်မှတ်များကို ဖျက်ဆီးရန် ကလက်စတာဗုံးများ လိုအပ်လျှင် အသုံးပြုရမည်ဟုပါ ဖမ်သမ်က ဆိုခဲ့သည်။

ကမ္ဘောဒီးယားဘက်မှသာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ကာ ထိုင်းနယ်နိမိတ်အတွင်း ၂၀ ကီလိုမီတာ အထိ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးသည် အထိ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဖမ်သမ်က စွပ်စွဲခဲ့သည်။

လက်ရှိတွင် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲကြောင့် ထိခိုက်သေဆုံးသူများရှိကာ စစ်ရှောင်များလည်း သောင်းသိန်းချီလာပြီဖြစ်သောကြောင့် နစ်နာသူများအတွက် ထောက်ပံ့မှုများပေးရန်လည်း စီစဉ်နေပြီး သေဆုံးသူ တစ်ဦးအတွက် မိသားစုအား ဘတ် တစ်သန်း၊ မသန်စွမ်းဖြစ်စေသည်အထိ ဒဏ်ရာရ သူတစ်ဦးအတွက် ဘတ် ၇သိန်း၊ ဒဏ်ရာများစွာ ပြင်းထန်စွာရရှိသူအတွက် ဘတ် ၂သိန်းနှင့် သာမန် ဒဏ်ရာရသူအတွက် ဘတ် တစ်သိန်း ထောက်ပံ့ပေးအပ်မည်ဖြစ်သလို လေကြောင်းလိုင်း အားလုံးကိုလည်း ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံသားများအား နိုင်ငံသို့ ပြန်ခေါ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ဖမ်သမ်ဝီချာယာချိုင်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကလက်စတာဗုံး
#ကမ္ဘောဒီးယား
#စစ်ရာဇဝတ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now