မဲခေါင်၊ ဇူလိုင် ၂၆
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မာလီဆိုချီယာတာက ထိုင်းနှင့် နယ်စပ် စစ်ပွဲ ၃ ရက်မြောက်ရောက်မှ ဇူလိုင် ၂၆ ရက်မနက်ပိုင်းတွင် ကမ္ဘောဒီးယားဘက်မှ သေဆုံး၊ ဒဏ်ရာရ စာရင်းကို ထုတ်ပြန်သွားခဲ့သည်။
ယင်းထုတ်ပြန်မှုတွင် စစ်သား ၅ ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရကြောင်း၊ အရပ်သား ၈ ဦးသေဆုံးပြီး ၅၀ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၀ မိနစ်တွင်လည်း ထရက်ခရိုင် ဘန်ချမ်ရက် အရပ်၌ ကမ္ဘောဒီးယားစစ်သားများ ရှေ့တိုးပြီး တိုက်ခိုက်လာသဖြင့် ချန်သာဘူရီနှင့် ထရက်နယ်ခြားစောင့် ထိုင်းစစ်တပ်မှ ပြန်လည် ပစ်ခတ်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့နေသည်။
ထိုင်းမီဒီယာများ၏ ဖော်ပြမှုအရ နံနက် ၅ နာရီ ၄၀ မိနစ်အရောက် ထိုင်းတော်ဝင်ရေတပ်မှ စစ်သင်္ဘော ၄ စီးသည် စစ်ပွဲဖြစ်ရာနေရာသို့ တစ်မိနစ်အတွင်း တိုက်ခိုက်နိုင်စွမ်းရှိသည့် နေရာသို့ ဆိုက်ကပ်ထားပြီး ပစ်ကူပေးခဲ့ရာ ကမ္ဘောဒီးယားတပ်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာရာမှ တပ်ပြန်ဆုတ်သွားခဲ့သည်ဟုလည်း သိရှိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းရေတပ်
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ချန်သာဘူရီခရိုင်








