မဲခေါင်၊ ဇူလိုင် ၂၃
ကမ္ဘောဒီးယားဘက်ကမှ BM-21 လောင်ချာဖြင့် ယနေ့နံနက် ၉ နာရီတွင် ထိုင်းဘက်သို့ ပစ်ခတ်တိုက်ခိုက်ရာ ကန်သာရာလက်ခ်ခရိုင်ရှိ PTT ဓာတ်ဆီဆိုင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး လူ ၈ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနယ်စပ်၊ ပရာဝီဟာရ ဘုရားကျောင်းရှိရာ ကန်သာရာလက်ခ် ခရိုင်၊ စီစကပ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်သည့် လောင်ချာထိမှန်ခြင်းဖြစ်ပြီး ၂ နာရီကြာ အဆက်မပစ်ပစ်ခတ်သံမျိုးစုံကိုလည်း ကြားရကြောင်း ယင်းဒေသရှိ သတင်းထောက်များက ဆိုသည်။ ပစ်ခတ်မှုများအတွက် ၂ ဖက် အပြန်အလှန်စွပ်စွဲနေပြီး မည်သည့်ဘက်မှ စတင်ပစ်ခတ်သည်ကိုမူ အတိအကျမသိနိုင်သေးပေ။
အစိုးရတာဝန်ရှိသူများက အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေပြီး ကီလိုမီတာများစွာရှည်သည့် ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်နေကြောင်း သိရသည်။
PTT ဓာတ်ဆီဆိုင် ပေါက်ကွဲပြီးနောက် အနီးအနားရှိ 7-11 စတိုးဆိုင်လည်း မီးလောင်ပျက်စီးသွားကြောင်း၊ ၇ ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံ
#နယ်စပ်စစ်ပွဲ
#PTTဓာတ်ဆီဆိုင်








