မဲခေါင်၊ ဇူလိုင် ၂၃
နယ်မြေအငြင်းပွားမှုမှ စတင်ခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီယားတို့ ပဋိပက္ခမှာ ဇူလိုင်လ ၂၃ ရက်တွင် လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြန်အလှန်ပစ်ခတ်နေသည့် စစ်ရေးတင်းမာမှုအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယင်းစစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေများကို စုစည်းဖော်ပြလိုက်သည်။
– ကမ္ဘောဒီယားဘက်မှ ပစ်ခတ်လိုက်သည့် BM-21 လောင်ချာ ၂ စင်းမှာ ထိုင်းနိုင်ငံ၊ စူရင်၊ ကပ်ချိုအန်းခရိုင်အတွင်း လူနေဧရိယာပေါ်ကျရောက်ခဲ့ပြီး အနည်းဆုံးအရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ တစ်ဦးသေဆုံးသည်ဟုဆိုသော်လည်း အတည်မပြုနိုင်သေးပေ။
– ထိုင်းနိုင်ငံ၊ စီစကပ်၊ ကန်သာရာလက်ခရိုင်၊ ဘန်ဖူးအရပ်ရှိ PTT ဓာတ်ဆီဆိုင်ကို ကမ္ဘောဒီယားမှ ပစ်ခတ်သည့် BM-21 လောင်ချာများ ထိမှန်ခဲ့ရာ အရပ်သားအများအပြား ဒဏ်ရာရခဲ့သည်။
– ထိုင်းနိုင်ငံ၊ စူရင်ခရိုင်ရှိ ဖနွန်ဒွန်ရက်ခ် ဆေးရုံကို ကမ္ဘောဒီးယားဘက်မှ BM-21 လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
– တမွန်သွမ်၊ တကွိုင်၊ စူရင်၊ ချွန်ဘော့၊ ချွန်အန်မာနှင့် ပရာဝိဟီရာဘုရာကျောင်းအနီး အပါအဝင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ၆ နေရာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ထိုင်းစစ်သားအနည်းဆုံး ၇ ဦး ထိခိုက်ဒဏ်ရာ ရထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
– ထိုင်းဘက်မှ F-16 တိုက်လေယာဉ် ၆ စီးဖြင့် ချွန်အန်မာရှိ ကမ္ဘောဒီးယားခြေလျင်တပ်မ ၈ နှင့် ၉ တို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ကမ္ဘောဒီးယားခြေလျင်တပ်မ ၈ နှင့် ၉ တို့မှာ ထိုင်းဘက်သို့ ပစ်ခတ်တိုက်ခိုက်နေသည့် ကမ္ဘောဒီးယားတပ်များဖြစ်သည်။ ထိုင်း F-16 တိုက်လေယာဉ်တစ်စီးကို ကမ္ဘောဒီးယားဘက်မှ ပစ်ချသည်ဆိုသည့် သတင်းတု၊ သတင်းမှားများ ထွက်ပေါ်နေကြောင်း ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားသည်။
– စူရင်၊ ဘူရီယမ်၊ စီစကတ်နှင့် အူဘွန်ရက်ချသာနီခရိုင်များမှ မြို့တော်ဝန်များမှာ နယ်စပ်တလျှောက်ရှိ အရပ်သားများကို စီစဉ်ထားသည့်ဘေးကင်းမဲ့ဇုန်များသို့ ပြောင်းရွှေ့ပေးနေသည်။
– ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများ ကမ္ဘောဒီးယားနိုင်ငံမှ အမြန်ဆုံးထွက်ခွာရန်နှင့် မလိုအပ်ဘဲ ခရီးမသွားကြရန် ဖနွမ်းပင်ရှိ ထိုင်းသံရုံးမှ ထုတ်ပြန်ထားသည်။
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#နယ်မြေအငြင်းပွားမှု








