ကမ္ဘာ့သတင်း

စစ်ပွဲ၏ နာကျင်မှုကို ရုရှားခံစားချိန်တန်ပြီဟု ထရမ့်ပြောပြီးနောက် ၄ ရက်ဆက် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် မော်စကို လေဆိပ် ၄ ခု ပိတ်ခဲ့ရ

မဲခေါင် 22 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၂ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်းစကီးအား ပက်ထရိယော့ဒုံးကျည်များပေးအပ်စဉ် ရုရှားတို့ စစ်ပွဲ၏ နာကျင်မှုကို ခံစားချိန်တန်ပြီဟု ပြောဆိုခဲ့ပြီး ယင်းနောက် ယူကရိန်းသည် ရုရှားမြို့တော် မော်စကိုအပါအဝင် မြို့များကို ၄ ရက်ဆက်တိုက် ဒရုန်းများစွာဖြင့် တိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၂၀ ရက်တွင် မော်စကိုမြို့ ကရင်မလင်နန်းတော်နှင့် ၂၃ မိုင်အကွာရှိ ဇီလီနိုဂရက်အရပ်သို့ ယူကရိန်းဒရုန်းများ ဆက်တိုက်ကျရောက်ပြီး ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်မှ ဖျက်ချသော်လည်း ဒရုန်းအပျက်အစီးများ မီးလောင်ကျရောက်သဖြင့် အဆောက်အအုံများပျက်ဆီးခြင်း၊ ကားများမီးလောင်းခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရုပ်သံမှတ်တမ်းများအရ သိရှိရသည်။ ယူကရိန်းသမ္မတ ဇီလန်းစကီးက နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်သင့်သည်အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကာ ဂျီနီဗာကွန်ဗန်းရှင်းစည်းမျဉ်းကိုမူ မဖောက်ဖျက်ဘဲ

မဲခေါင်၊ ဇူလိုင် ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်းစကီးအား ပက်ထရိယော့ဒုံးကျည်များပေးအပ်စဉ် ရုရှားတို့ စစ်ပွဲ၏ နာကျင်မှုကို ခံစားချိန်တန်ပြီဟု ပြောဆိုခဲ့ပြီး ယင်းနောက် ယူကရိန်းသည် ရုရှားမြို့တော် မော်စကိုအပါအဝင် မြို့များကို ၄ ရက်ဆက်တိုက် ဒရုန်းများစွာဖြင့် တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင် မော်စကိုမြို့ ကရင်မလင်နန်းတော်နှင့် ၂၃ မိုင်အကွာရှိ ဇီလီနိုဂရက်အရပ်သို့ ယူကရိန်းဒရုန်းများ ဆက်တိုက်ကျရောက်ပြီး ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်မှ ဖျက်ချသော်လည်း ဒရုန်းအပျက်အစီးများ မီးလောင်ကျရောက်သဖြင့် အဆောက်အအုံများပျက်ဆီးခြင်း၊ ကားများမီးလောင်းခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရုပ်သံမှတ်တမ်းများအရ သိရှိရသည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးက နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်သင့်သည်အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကာ ဂျီနီဗာကွန်ဗန်းရှင်းစည်းမျဉ်းကိုမူ မဖောက်ဖျက်ဘဲ စစ်ရေးပစ်မှတ်များကိုသာ ဦးတည်ပစ်ခတ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယူကရိန်းဒရုန်းများသည် မြို့တော် အရပ်သား ပစ်မှတ်များဆီသို့ ကျရောက်သလို မော်စကိုရှိ Sheremetyevo၊ Domodedovo၊ Vnukovo နှင့် Zhukovsky လေဆိပ်များအနီး ပျံသန်းကရောက်သဖြင့် လေယာဉ်ကွင်း ၄ ခုကို နှစ်ကြိမ်တိုင် လေကြောင်း ပိတ်ပင်မှု လုပ်ခဲ့ရသဖြင့် အားလပ်ရက် ခရီးသွားပြည်သူများစွာ လေယာဉ်ကွင်း ကြမ်းပြင် များပေါ်တွင် အိပ်ကာ စောင့်ဆိုင်းနေခြင်းဖြင့် ရုရှား၏ လေကြောင်း ခရီးသွားလုပ်ငန်း များစွာ အနှောင့် အယှက်ဖြစ်ခဲ့ရသည်။

စုစုပေါင်း လေယာဉ် ၁၃၄ စီးသည် လမ်းကြောင်းပြောင်းကာ မော်စကိုလေဆိပ်များသို့ ဆိုက်ကပ်ရန် အခက်ကြုံခဲ့ကြောင်းလည်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဘက်မှ ဇူလိုင် ၂၀ ရက်၌ ဒေသ ၉ ခုသို့ ဒရုန်းများစွာဖြင့် ပစ်ခတ်ခဲ့ရာတွင် ၉၃ လုံးကို ပစ်ချနိုင်ပြီး မော်စကို တစ်မြို့တည်းပေါ်သို့ ကျရောက်လာသည့် ဒရုန်း ၁၉ စင်းကို ဖျက်ချခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယူကရိန်းဘက်မှ မော်စကိုအထိ တိုက်ခိုက်မှုများ ပြုလုပ်နေ ချိန် ရုရှားတွင် ပူတင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ Atesh ကလည်း ရုရှားတပ်အတွက် လက်နက်များ ထောက်ပို့ရာတွင် အရေးအပါဆုံး တူလာဒေသရှိ ရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးမှုများလည်း လုပ်ဆောင်ခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒေါ်နယ်ထရမ့်
#ပူတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now