မဲခေါင်၊ ဇူလိုင် ၂၀
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားမှ ပြည်ပသို့ နှစ်စဉ် ယိုစီးထွက်သွားပြီး ပြန်မဝင်လာတော့သည့် ငွေကြေးပမာဏသည် ဘတ် ၁၅၀ ဘီလီယံ ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၏ အားလုံးသော လောင်းကစားစျေးကွက် လည်ပတ်ငွေသည် တစ်နှစ်ဘတ် ၃ ထရီလီယံရှိကာ လောင်းကစားပြုကြ သော ငွေကြေးပမာဏ (အမြတ်အရှုံးမတွက်သေးဘဲ ကစားသည့်ပမာဏ) သည်ပင်လျှင် ဘတ် ဘီလီယံ ၅၀၀ ရှိသည်ဟု နောက်ဆုံး သိရှိရသော စာရင်းအချက်အလက်များအရ သိရှိရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် လောင်းကစားနှင့် အတိုးပေးငွေချေးလုပ်ငန်းများစွာကြောင့် မိသားစုကြွေမြီများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေရှင်ရန်ခက်ခဲသည့်အနေအထားအထိ ရောက်ရှိနေသလို စီးပွားရေး လည်း ကျဆင်းလာနေသဖြင့် ပြန်လည်ထူထောင်နိုင်ရေး သက်ဆင်နှင့်သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်တို့က ကာစီနိုလောင်းကစားဥပဒေထုတ်ပြန်ပြီး အခွန်ယူကာ လောင်းကစားနှင့် ဖျော်ဖြေရေး မြို့များထူထောင်ရန် အဆိုပြုခဲ့သည်။
သို့သော် လောင်းကစားနှင့်ပြည်သူများ ပိုမိုထိခိုက်စေမည် ဖြစ်သည်ဆိုသော အယူအဆများစွာကြောင့် ကန့်ကွက်ခံရပြီးနောက် ပြီးခဲ့သည့်တစ်ပတ်ကပင် အဆိုပါ ကာစီနို ဥပဒေမူကြမ်းကို ဖျက်သိမ်းလိုက်ရသည်။
သက်ဆင်ကမူ နိုင်ငံတွင်းမှ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများကြောင့် ပြည်ပသို့ ထွက်သွားသည့် ငွေကြေးပမာဏသည် တစ်နှစ်ဘတ် ၁၅၀ ဘီလီယံရှိနေရာ ထိုင်းနိုင်ငံ စီးပွား ရေး ပြန်လည်မြှင့်တင်နိုင်ရေး၊ ပြည်သူများ သက်သာချောင်ချိကာ ပိုမိုအဆင့်မြင့်သော ဘ၀များရရှိရေး အတွက် အကျိုးပြုစေရန် ပြန်ဝင်လာနိုင်စေမည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်ကြောင်း၊ နည်းပညာ၊ ပညာရေး၊ အင်တာနက်၊ အခြေခံအဆောက်အအုံများ၊ ပစ်မှတ်ထားသည့် စက်မှုလုပ်ငန်း များတွင် လမ်းညွှန်ချက်အတိုင်း အောင်မြင်စွာလျှောက်လှမ်းနိုင်ပါက ပြည်ပထွက်သွားသော ငွေကြေး များပြန်ဝင်လာပြီး နိုင်ငံကို အကျိုးပြုနိုင်လိမ့်မည်ဟု သုံးသပ်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#အွန်လိုင်းလောင်းကစား
#ဖျော်ဖြေရေးလုပ်ငန်း
#ကာစီနို








