မဲခေါင်၊ ဇူလိုင် ၁၉
အာဂျင်တီးနား စစ်အာဏာရှင်ခေတ် (၁၉၇၆- ၁၉၈၃) အတွင်း စစ်အာဏာရှင်းများ ခိုးယူခဲ့သော ကလေးပေါင်း ၅၀၀ ကျော်ရှိခဲ့ကာ လူပေါင်း ၃၀၀၀၀ ကို သတ်ဖြတ်ခဲ့မှု၌ ပတ်သက်ခဲ့သည့် ကလေးငယ်တစ်ဦးကို ၄၉ နှစ်အရွယ်ရောက်မှ DNA စစ်ဆေးပြီး မိသားစုနှင့်ပြန်လည် ပေါင်းစည်းစေနိုင်ခဲ့ သည်။
အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ Grandmothers of the Plaza de Mayo က ဦးဆောင်ကာ စစ်အာဏာရှင်ခေတ်တွင် မိဘများကိုသတ်ဖြတ်ပြီး ကလေးငယ်များကို စစ်အာဏာရှင်နှင့်နီးစပ်သူများထံ ပေးခဲ့ကြသည့် ဖြစ်ရပ်ဆိုးများထဲမှ သက်ရှိထင်ရှားရှိနေသေးသူများအား ပြန်လည်ရှာဖွေမှု အစီအစဉ်တွင် ယခုပြန်တွေ့သည့် ၄၉ နှစ်အရွယ် အမည်မဖော်ပြသော အမျိုးသားသည် ၁၄၀ ယောက်မြောက် ပြန်လည်ရှာတွေ့မှု ဖြစ်ခဲ့သည်။
ယင်းအမျိုးသား၏ မိခင်မှာ ဂရာစီလာအဲလစ်ရှာရိုမာရိုဖြစ်ပြီး ဖခင်မှာ ရာအူးရ်ယူဂီနီယိုမတ်ဇ်တို့ ဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို တော်လှန်သော လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများဖြစ်သောကြောင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် မိခင် ရိုမာရို ဖမ်းဆီးခံရကာ ဘာဟီရာဘလန်ကာရှိ လာအက်စ်ကူလီတာ အကျဉ်းစခန်းတွင် ဖမ်းဆီးထောင်ချခဲ့သည်။
ဖမ်းဆီးခံရစဉ်တွင် ကိုယ်ဝန် ၅ လ ရှိနေပြီး ၁၉၇၇ ခုနှစ် ဧပြီ ၁၇ ရက်၌ ကလေးမွေးဖွားပြီးနောက် ချက်ချင်းသတ်ဖြတ်ခံလိုက်ရကာ သားဖြစ်သူမှာ ထိုစဉ်ကတည်းက အာဏာရှင်မှ ခိုးယူသွားခြင်းကြောင့် ပျောက်ဆုံးခဲ့ရခြင်း ဖြစ်သည်။
အဘိုး၊ အဘွားတို့နှင့် ပြန်လည်ဆုံဆည်းခွင့်ရသလို အစ်မဖြစ်သူ မတ်ဇ်ရိုမာရိုကလည်း မိမိတွင် မောင်လေးရှိနေသေးသည်ကို သိသဖြင့် စုံစမ်းရာမှ နောက်ဆုံး DNA စစ်ခံမည်ဆိုသောကြောင့် စစ်ဆေးရာမှ မိသားစုပြန်လည်တွေ့ရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်း ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: jpost
#MeKongNews
#အာဂျင်တီးနား
#စစ်အာဏာရှင်
#လူ့အခွင့်အရေး
#ကလေးငယ်








