နေ့စဥ်သတင်း

ထိုင်းရောက်လုပ်သားများထံမှာ လစာ ၂၅ ရာခိုင်နှုန်းကို ကောက်ခံမည့် 2C2P plus (Myanmar) ကုမ္ပဏီ လူမွဲစာရင်းခံယူ

မဲခေါင် 18 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၈ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို ကောက်ခံရန် စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့် 2C2P plus (Myanmar) သည် လူမွဲစာရင်းခံယူကာ အပြီးသတ်ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ပြည်တွင်းပြန်လွှဲငွေ ၂၅ ရာခိုင်နှုန်းကို ကောက်ခံရန် ငွေလွဲလုပ်ငန်း ၁၆ ခုကို လိုင်စင် ချပေးခဲ့သည်။ 2C2P plus (Myanmar)သည်လည်း ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများထံမှ တရားဝင် ငွေလွှဲမှုများကို လုပ်ဆောင်ရန် လိုင်စင်ရရှိပြီး အဆိုပါကုမ္ပဏီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ကို

မဲခေါင်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို ကောက်ခံရန် စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့် 2C2P plus (Myanmar) သည် လူမွဲစာရင်းခံယူကာ အပြီးသတ်ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ပြည်တွင်းပြန်လွှဲငွေ ၂၅ ရာခိုင်နှုန်းကို ကောက်ခံရန် ငွေလွဲလုပ်ငန်း ၁၆ ခုကို လိုင်စင် ချပေးခဲ့သည်။

2C2P plus (Myanmar)သည်လည်း ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများထံမှ တရားဝင် ငွေလွှဲမှုများကို လုပ်ဆောင်ရန် လိုင်စင်ရရှိပြီး အဆိုပါကုမ္ပဏီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ကို ရရှိထားခဲ့သည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ 2C2P plus (Myanmar) ကုမ္ပဏီ (ဖျက်သိမ်းဆဲ)၏ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇ နှင့် နည်းဥပဒေ ၉ နှင့် ၁၅ (ခ)အရ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ် အထွေထွေအစည်းအဝေးကို လာမည့် ဇူလိုင် ၃၀ ရက်နေ့တွင် ပြုလုပ်မည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားလုပ်သားများအနေနှင့် ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို လွှဲပြောင်းပေးရမည့် 2C2P Plus (Myanmar) အပါအဝင် True Money Myanmar၊ Saythawon Engineering၊ Supermyan Remittance နှင့် Mahar Bawga Remittance တို့ကို Boycott ပြုလုပ်သင့်ကြောင်း ထောက်ပြပြောဆိုမှုတို့ ရှိခဲ့သည်။

ယင်းနောက် 2C2P Plus (Myanmar) ကုမ္ပဏီသည် လိုင်စင်ရရှိပြီး ၈ လအကြာတွင် လူမွဲခံယူလိုက်ရသည့် ကုမ္ပဏီ ဖြစ်လာပြီး ယခုအခါ အပြီးသတ် စာရင်းဖျက်သိမ်းရန် ပြင်ဆင်နေသည်။

ဖေသန်း
#MeKongNews
#မြန်မာလုပ်သား
#လူမွဲစာရင်း
#2C2PPlus
#ကုမ္ပဏီဖျက်သိမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now