နေ့စဥ်သတင်း

အယုဒ္ဓယမှ ကျောင်းထိုင်ဆရာတော် ဘတ် ၁၃ သန်းပေးလိုက်ရမှု ဝန်ခံသဖြင့် မစ္စဂေါ့ဖ်ကို ဝရမ်းထုတ်ဖမ်းဆီး

မဲခေါင် 16 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၆ ထိုင်းနိုင်ငံတွင် ထင်ရှားသည့် ဘုန်းတော်ကြီးများစွာဖြင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့ရုံသာမက ငွေကြေးအရှုပ်အရှင်းများဖြစ်ကာ လိင်ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံပေါင်း ၈၀၀၀၀ ကို ရိုက်ကူးထားသည့် မစ္စဂေါ့ဖ် ဆိုသည့်အမျိုးသမီးသည် မိမိ နှင့်ပတ်သက်ခဲ့သည်သာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ဘတ် ၁၃ သန်း ချေးငှားပြီး ပြန်မပေးခဲ့သည့်အကြောင်းပါ အယုဒ္ဓယရှိ ကျောင်းထိုင်ဘုန်းကြီးမှ ဝန်ခံထွက်ဆိုသဖြင့် မစ္စဂေါ့ဖ်ကို ဇူလိုင် ၁၄ ရက်တွင် ဖမ်း၀ရမ်းထုတ်ကာ ဇူလိုင် ၁၅ရက်တွင် ဖမ်းဆီးခဲ့သည်။ မစ္စဂေါ့ဖ်ဆိုသည့် အမျိုးသမီးကြောင့် ထိုင်းနိုင်ငံ အနှံ့အပြားမှ ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ အရှုပ် တော်ပုံကြီး ပေါ်ပေါက်ခဲ့ကာ ဇူလိုင် ၉ ရက်တွင် စီနီယာဘုန်းကြီး ၆

မဲခေါင်၊ ဇူလိုင် ၁၆

ထိုင်းနိုင်ငံတွင် ထင်ရှားသည့် ဘုန်းတော်ကြီးများစွာဖြင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့ရုံသာမက ငွေကြေးအရှုပ်အရှင်းများဖြစ်ကာ လိင်ဗီဒီယို မှတ်တမ်းနှင့် ဓာတ်ပုံပေါင်း ၈၀၀၀၀ ကို ရိုက်ကူးထားသည့် မစ္စဂေါ့ဖ် ဆိုသည့်အမျိုးသမီးသည် မိမိ နှင့်ပတ်သက်ခဲ့သည်သာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ဘတ် ၁၃ သန်း ချေးငှားပြီး ပြန်မပေးခဲ့သည့်အကြောင်းပါ အယုဒ္ဓယရှိ ကျောင်းထိုင်ဘုန်းကြီးမှ ဝန်ခံထွက်ဆိုသဖြင့် မစ္စဂေါ့ဖ်ကို ဇူလိုင် ၁၄ ရက်တွင် ဖမ်း၀ရမ်းထုတ်ကာ ဇူလိုင် ၁၅ရက်တွင် ဖမ်းဆီးခဲ့သည်။

မစ္စဂေါ့ဖ်ဆိုသည့် အမျိုးသမီးကြောင့် ထိုင်းနိုင်ငံ အနှံ့အပြားမှ ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ အရှုပ် တော်ပုံကြီး ပေါ်ပေါက်ခဲ့ကာ ဇူလိုင် ၉ ရက်တွင် စီနီယာဘုန်းကြီး ၆ ပါး လူဝတ်လဲခဲ့ရသဖြင့် ယင်းနေ့ကို ဆရာတော်ကြီးများလူဝတ်လဲသောနေ့ (Big Monk Disrobing Day) ဟုပင် လှောင်ပြောင်ခေါ်ဆို လာကြပြီး ဇူလိုင် ၁၄ ရက်၌ နောက်ဆုံးလူဝတ်လဲခဲ့ရသည့် ဆရာတော် ၂ ပါးမှာ ဘန်ကောက်ရှိ ကလျာနမစ်ကျောင်းတိုက်မှ ဒုကျောင်းထိုင် ပရိယတ္တိသဒ္ဓါနှင့် အယုဒ္ဓယရှိ ချူဂျစ်သမ္မာယမ ကျောင်းထိုင်ဆရာတော် သက်ဖက်ချာရာပွန်တို့ဖြစ်သည်။

သက်ဖက်ချာရာပွန်သည် ယခုအမှုတွဲတွင် မစ္စဂေါ့ဖ်အား ငွေကြေးအများဆုံး‌ ပေးခဲ့ရသည့် ကိုယ်တော် ဖြစ်လာကာ ဘတ် ၁၂ . ၈ သန်း (ဒေါ်လာ ၃၉၅၀၀၀) ကနဦးပေးခဲ့သလို ဘုန်းကြီးကျောင်းတိုက် အလှူငွေအကောင့်မှ နောက်ထပ် ဘတ် ၃၈၀၀၀၀ ကို ၂၀၂၄ မတ်လနှင့် ဇူလိုင်လကြား ပေးခဲ့ကြောင်း၊ မစ္စဂေါ့ဖ်မှ အကြွေးဆပ်ငွေအဖြစ် ဘတ် ၁၀၀၀၀၀ (ဒေါ်လာ ၃၀၈၀) သာ ပြန်ပေးခဲ့သည်ဟု သက်ဖက်ချာရာပွန်က ထွက်ဆိုခဲ့သည်။

လက်ရှိတွင် ထိုင်းဘုန်းတော်ကြီး ၉ ပါးအထိ လူဝတ်လဲခဲ့ရပြီး နောက်ထပ် အမှုတွဲတွင်ပတ်သက်နေသည့် ရုပ်သံ မှတ်တမ်းများတွင်ပါရှိသော ဘုန်းကြီးများ ကျန်ရှိနေကာ တချို့ ထွက်ပြေးတိမ်းရှောင် ပျောက်ကွယ်သွားကြောင်း သိရသဖြင့် ပျက်ဆီးနေသော ထိုင်းဘုန်းတော်ကြီးကျောင်းများမှ အပုပ်နံ့ ထွက်လာရမှု၌ မစ္စဂေါ့ဖ်လို လူမျိုး လိုအပ်သည်ဟုပင် ပြောဆိုမှုများရှိနေသည်။

ထိုင်းဘုန်းကြီးကျောင်း ဘဏ္ဍာရေးစနစ်များသည် ၁၉၆၂ ဥပဒေအရ ဘုန်းကြီးများ လိင်မှုကိစ္စပတ်သက်ပါက ရာဇဝတ်မှုမြောက်သည်ဟု ဆိုထားသော်လည်း လက်ရှိအထိ တရားဝင် တားမြစ်မှုများ မလုပ်ဆောင်သေးခြင်းနှင့် ဘုန်းကြီးကျောင်း ဘဏ္ဍာငွေချုပ်ကိုင်မှုစနစ်များကိုလည်း ဥပဒေပြန်လည် ရေးဆွဲ ပြင်ဆင်ရန် ဖြစ်လာသည်။

အစိုးရက ၂၀၂၅ အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ဘုန်းတော်ကြီးကျောင်း အားလုံးမှ ငွေကြေးများသည် တရားဝင် ကျောင်းအကောင့်မှသာ စီးဆင်းရမည်၊ ဘုန်းတော်ကြီးများ ငွေသားဘတ် ၁၀၀၀၀၀ ထက်ပိုမကိုင်ဆောင်ရ၊ လစဉ်ဘဏ္ဍာရေးစာရင်းအနှစ်ချုပ် တင်ပြရမည်၊ ဘဏ် အကောင့်အားလုံး ဒေသတွင်းဘဏ်အကောင့်များတွင်သာ အပ်နှံထားရမည်ဟု အားချင်း သတိပေး ထုတ်ပြန်လိုက်သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဘုန်းကြီးကျောင်း
#အယုဒ္ဓယ
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now