နေ့စဥ်သတင်း

တာချီလိတ်နယ်ခြားကော်မတီ စကားပြန်ဘိုလေးနာမည်ခံပြီး တာချီလိတ်မှာ အွန်လိုင်းနှင့် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေ

မဲခေါင် 8 Jul - 2025
မဲခေါင်၊ ဇူလိုင် ၈ အွန်လိုင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းများကို ထိုင်း-မြန်မာ နယ်ခြားကော်မတီ စကားပြန် ဦးဘိုလေးနာမည်ဖြင့် အကာအကွယ်ယူဖွင့်လှစ်ထားပြီး အလုပ်သမား ၃၀၀ ကျော် နေ့ဆိုင်း ညဆိုင်းလုပ်ကိုင်နေကြောင်း တာချီလိတ် ဒေသခံများထံမှ သိရသည်။ အွန်လိုင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းကို ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နယ်ခြားကော်မတီ ဘာသာပြန်ဦးဘိုလေး၏ နေအိမ်ရှေ့ ဟိုတယ်ဝန်းအတွင်းနှင့် မယ်ဆိုင်ချောင်းအနီး ဆန်ဆိုင်းပြည်သူ့စစ်ဂိတ်အနီးမှ (၃)ထပ်တိုက်တွင် ဖွင့်လှစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ထိုင်း-မြန်မာ နယ်ခြားကော်မတီ၏ စကားပြန်ဦးဘိုလေးနာမည်ခံထားခြင်း ဖြစ်ပြီး သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာသည့်အခါ အလုပ်သမားတွေကို ပြန်လည်ညှိနှိုင်းပြီး ချက်ချင်းပြန်လွှတ်ပေးကြောင်း သိရသည်။ “အောင်ရေဆေးခုံလမ်းကြားက သူ့အိမ်ရှေ့ဟိုတယ်မှာဆိုရင် ဆိုင်ကယ်တွေကားတွေအပြည့်ဘဲ အွန်လိုင်း အလုပ်သမားတွေက၊ နောက်ပြီး

မဲခေါင်၊ ဇူလိုင် ၈

အွန်လိုင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းများကို ထိုင်း-မြန်မာ နယ်ခြားကော်မတီ စကားပြန် ဦးဘိုလေးနာမည်ဖြင့် အကာအကွယ်ယူဖွင့်လှစ်ထားပြီး အလုပ်သမား ၃၀၀ ကျော် နေ့ဆိုင်း ညဆိုင်းလုပ်ကိုင်နေကြောင်း တာချီလိတ် ဒေသခံများထံမှ သိရသည်။

အွန်လိုင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းကို ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နယ်ခြားကော်မတီ ဘာသာပြန်ဦးဘိုလေး၏ နေအိမ်ရှေ့ ဟိုတယ်ဝန်းအတွင်းနှင့် မယ်ဆိုင်ချောင်းအနီး ဆန်ဆိုင်းပြည်သူ့စစ်ဂိတ်အနီးမှ (၃)ထပ်တိုက်တွင် ဖွင့်လှစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းကို ထိုင်း-မြန်မာ နယ်ခြားကော်မတီ၏ စကားပြန်ဦးဘိုလေးနာမည်ခံထားခြင်း ဖြစ်ပြီး သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာသည့်အခါ အလုပ်သမားတွေကို ပြန်လည်ညှိနှိုင်းပြီး ချက်ချင်းပြန်လွှတ်ပေးကြောင်း သိရသည်။

“အောင်ရေဆေးခုံလမ်းကြားက သူ့အိမ်ရှေ့ဟိုတယ်မှာဆိုရင် ဆိုင်ကယ်တွေကားတွေအပြည့်ဘဲ အွန်လိုင်း အလုပ်သမားတွေက၊ နောက်ပြီး ရေချောင်းဘေးနားက အစိမ်းရောင်(၃)ထပ်တိုက်မှာ အွန်လိုင်းလုပ်တဲ့သူ (၂၀၀)လောက်ရှိတယ်။ ညနေ ၇ နာရီဆို အလုပ်ဆင်း အလုပ်ဝင်တဲ့သူတွေနဲ့ တစ်မြို့လုံး တစ်ခြားအွန်လိုင်း အလုပ်တွေ မတွေ့ရဘူး၊ ဘိုလေးနာမည်ခံထားတဲ့ဟာတွေဘဲ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်ခြားကော်မတီသည် သက်ဆိုင်ရာ နှစ်နိုင်ငံနယ်မြေများမှ စစ်ဗျူဟာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ကော်မတီအတွင်း ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက အတွင်းရေးမှူးတာဝန်ယူကာ နှစ်နိုင်ငံ နယ်စပ်အရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

စကားပြန်ဘိုလေးကို နယ်ခြားကော်မတီမှ တရားဝင်ခန့်အပ်ထားခြင်း မရှိသည့်အကြောင်း ၂၀၁၉ ခုနှစ်က သက်ဆိုင်ရာ စစ်ဗျူဟာမှ မဲခေါင်သတင်းဌာနကို အတည်ပြုထားသော်လည်း နောက်ပိုင်းတွင် တာဝန်ခံအဖြစ် ပြောဆိုသုံးနှုန်းနေသည်ကို တွေ့ရသည်။​

၂၀၂၂ ခုနှစ်တွင်လည်း နယ်ခြားကော်မတီ၏ စကားပြန်အလုပ်ကို ကူညီလုပ်ကိုင်နေသည့် ဦးဘိုလေး၏ တူဖြစ်သူတစ်ဦး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် TBC တံဆိပ်တပ်ထားသည့် မော်တော်ယာဉ်နှင့်အတူ နေအိမ်အခန်းငှါးအတွင်း မူးယစ်ဆေးဝါးအမြောက်များဖြင့် ဖမ်းဆီးခံခဲ့ရကာ ယခုလက်ရှိ ထိုင်းနိုင်ငံအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသည်။

ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC)တံဆိပ်ကပ်ထားသည့် လိုင်စဉ်မဲ့ နောက်ဆုံးပေါ် TOYOTA land cruiser ကားဖြင့် ချစ်ကြည်ရေးတံတားပေါ်တွင် အစစ်ဆေးခံတာမရှိ တရားမဝင်ငွေကြေးသယ်ဆောင်ခြင်း၊ လူသယ်ဆောင်ပေးခြင်းများနှင့် လက်နက်ကူးခြင်းများကိုလည်း နယ်ခြားကော်မတီအကာအကွယ်အောက်မှ ပြုလုပ်နေကြောင်း သိရသည်။

စကားပြန်ဦးဘိုလေးသည် ထိုင်း-မြန်မာ နယ်ခြားကော်မတီ၏ အကာအကွယ်ယူပြီး အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို အကာအကွယ်ပေးနေသည့်အပြင် ထိုင်းနိုင်ငံသား တရားခံပြေးမူးယစ်ရာဇာများကိုလည်း လိုင်းကြေး ဘတ်သန်းချီရယူ ကာကွယ်ပေးထားကြောင်း မဲခေါင်းသတင်းဌာနမှ ခိုင်လုံသည့် သက်သေများ ရရှိထားသည်။

#MeaKongNews
#ကျားဖြန့်
#အွန်လိုင်း
#TBC
#ဘိုလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now