မဲခေါင်၊ ဇူလိုင် ၆
ထိုင်း တော်ဝင်မင်းသမီး သီရိဒုံသည် ဇူလိုင် ၄ ရက်နေ့တွင် ရတ်ချာဘူရီခရိုင် မူအန်းရပ်မှ ထိုင်းတော်ဝင် စစ်အင်ဂျင်နီယာတပ်သို့ လာရောက်ပြီး ကမ္ဘောဒီးယားနှင့် အငြင်းပွားနယ်စပ်ပိုင်နက် ပြဿနာကြောင့် နိုင်ငံတော်ကို စောင့်ရှောက်သည့်တာဝန်ယူထားသော စစ်သည်အားလုံးအား ဘေးကင်းစေရေး ဗုဒ္ဓ အဆောင်လက်ဖွဲ့များ ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ထိုင်း တပ်မဟာ ၁၊ ၂၊ ၃၊ ၄ မှ တပ်မှူးများ၊ ထိုင်းတော်ဝင်စစ်တပ် စစ်ဦးစီးချုပ်၊ စစ်အင်ဂျင်နီယာတပ်မှ တပ်ချုပ်တို့ တက်ရောက်ခဲ့ကြပြီး သီရိဒုံက နယ်စပ်တာဝန်ထမ်း စစ်သည်များ အားလုံးအတွက် စိတ်ပူပန်ကြောင်းပြောဆိုကာ အဆောင်လက်ဖွဲ့များကို အားလုံးထံ ပေးစေရန် မှာကြား ပေးအပ်သွားခြင်းဖြစ်သည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ကမ္ဘောဒီးယား
#ထိုင်းစစ်သား
#ဗုဒ္ဓအဆောင်လက်ဖွဲ့
#သီရီဒုံ








