ကမ္ဘာ့သတင်း

AI ဖြင့်ပင် မောင်းနှင်လာသော ကျားဖြန့်များ အရှေ့တောင်အာရှမှ ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားပြီဟု အင်တာပို သတိပေး

မဲခေါင် 5 Jul - 2025
မဲခေါင်၊ ဇူလိုင် ၅ အရှေ့တောင်အာရှတွင် စတင်ခြိမ်းခြောက်ခဲ့သော ကျားဖြန်လုပ်ငန်းများသည် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီဖြစ်ကာ လိမ္မော်ရောင် အန္တရာယ်အဆင့်သတ်မှတ်ကာ အမြန်ဆုံး တိုက်ဖျက်နိုင်ရန်လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာရာဇဝတ်ရဲတပ်ဖွဲ့ – အင်တာပိုက သတိပေးထုတ်ပြန်ခဲ့သည်။ ကျားဖြန့်လုပ်ငန်းများကို လူမှောင်ခိုကူးခြင်းများဖြင့် လည်ပတ်နေခြင်းဖြစ်ရာ ယနေ့ ဒစ်ဂျစ်တယ် AI ခေတ်၌ ပိုကြောက်စရာကောင်းလာကြောင်းနှင့် ထိုဆက်စပ် ရာဇဝတ်ကွန်ရက်များသည် အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဗဟိုအမေရိကမှ အစ တစ်ကမ္ဘာလုံးသို့ အရှိန်အဟုတ်ဖြင့် ပျံ့နှံ့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၂၀၂၅ မတ်လ အစီရင်ခံစာတွင် သတိပေးထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာ၌ ကျားဖြန့်လုပ်ငန်းများ၌ လူမှောင်ခိုကူးခံရကာ အများအားဖြင့် မက်မောသည့် လစာ ကောင်းအလုပ်ဖြင့် မျှားခေါ်သည့် လူမှောင်ခိုကူးခံရသူများသည် အနည်းဆုံး နိုင်ငံ

မဲခေါင်၊ ဇူလိုင် ၅

အရှေ့တောင်အာရှတွင် စတင်ခြိမ်းခြောက်ခဲ့သော ကျားဖြန်လုပ်ငန်းများသည် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီဖြစ်ကာ လိမ္မော်ရောင် အန္တရာယ်အဆင့်သတ်မှတ်ကာ အမြန်ဆုံး တိုက်ဖျက်နိုင်ရန်လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာရာဇဝတ်ရဲတပ်ဖွဲ့ – အင်တာပိုက သတိပေးထုတ်ပြန်ခဲ့သည်။

ကျားဖြန့်လုပ်ငန်းများကို လူမှောင်ခိုကူးခြင်းများဖြင့် လည်ပတ်နေခြင်းဖြစ်ရာ ယနေ့ ဒစ်ဂျစ်တယ် AI ခေတ်၌ ပိုကြောက်စရာကောင်းလာကြောင်းနှင့် ထိုဆက်စပ် ရာဇဝတ်ကွန်ရက်များသည် အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဗဟိုအမေရိကမှ အစ တစ်ကမ္ဘာလုံးသို့ အရှိန်အဟုတ်ဖြင့် ပျံ့နှံ့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၂၀၂၅ မတ်လ အစီရင်ခံစာတွင် သတိပေးထုတ်ပြန်ခဲ့သည်။

ထိုအစီရင်ခံစာ၌ ကျားဖြန့်လုပ်ငန်းများ၌ လူမှောင်ခိုကူးခံရကာ အများအားဖြင့် မက်မောသည့် လစာ ကောင်းအလုပ်ဖြင့် မျှားခေါ်သည့် လူမှောင်ခိုကူးခံရသူများသည် အနည်းဆုံး နိုင်ငံ ၆၆ နိုင်ငံမှ ပါဝင်ခဲ့ ကြောင်း၊ ထိုအထဲတွင် ၇၄ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှရှိကျားဖြန့်ဗဟိုချက်များသို့ ရောက်ရှိကာ တချို့မှာ လူမှောင်ခိုကူးခံရပြီး ကျားဖြန့် ဓားစာခံအလုပ်သမားများအဖြစ်သို့ ရောက်ရှိခြင်းမဟုတ်ဘဲ ကြွေးတင်မှု၊ တည်ငြိမ်သော မိသားစုဝင်ငွေရလိုမှုကြောင့် ရည်ရွယ်ချက်ရှိစွာ သွားရောက်လုပ်ကိုင်သူ များလည်း ရှိကြောင်း၊ ထိုမှတစ်ဆင့် နှစ်ဖက်သွားဓားကဲ့သို့ ကျားဖြန့်လုပ်ရန် လူမှောင်ခိုခံရမှုသာမက ထိုမှတစ်ဆင့် အခြားနိုင်ငံများသို့ မည်သို့ ကျားဖြန့်လုပ်လိမ်လည်ရသည်ကို သိရှိကာ နေရပ်ပြန်ပြီး ကျားဖြန့်လုပ်စားနေသူများ ကမ္ဘာအနှံ့ ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

အထူးသဖြင့် ဥပဒေ အားနည်း ချက်ရှိသော အနောက်အာဖရိကသည် ထပ်မံတိုးပွားလာသော ကျားဖြန့်လုပ်ငန်းများ၏ နောက်ထပ် ဗဟိုချက် ဖြစ်လာမည်ဟု တွက်ဆထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

AI ခေတ်တွင် ယခင်နှစ်များကကဲ့သို့ အလုပ်လိမ်ခေါ်မှုနှင့် အလုပ်အကိုင်တည်ငြိမ်စွာတည်ရှိမှုကို လိမ်လည် တည်ဆောက်ပြနိုင်ပြီး အလွန်တိုးတက်လာသဖြင့် ယင်းစနစ်ကြောင့် လူမှောင်ခိုနှင့် နည်းပေါင်းစုံဖြင့် ကျားဖြန့် ငွေလိမ်မှုများကို အကျိုးပြုလာကြောင်း၊ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်က တာဝန်ရှိသူများသည် ဖိလစ်ပိုင်နှင့် နမီးဘီးယားရှိ ကျားဖြန့်လုပ်ငန်းများကို ဝင်စီးနင်းဖြိုခွင်းခဲ့ရာ ကျားဖြန့်စင်တာတစ်ခု၌ လူငယ် ၈၈ ယောက်ကို တွေ့ရကြောင်း၊ ကွန်ပျူတာ ၁၆၃ လုံးနှင့် မိုဘိုင်းဖုန်း ၃၅၀ ကိုလည်း သိမ်းဆည်းရမိပြီး အလုပ်လိမ်ခေါ်မှုများကိုAI နည်းပညာသစ်တစ်ခုဖြစ်သော Deepfake မှ အများဆုံး လိမ်လည်ခြင်းဖြစ်ကြောင်း၊ ကျားဖြန့် လူမှောင်ခိုမှုများတွင် အမျိုးသား ၈၀ ရာခိုင်နှုန်းကျော် ရှိပြီး ၆၁ ရာခိုင်နှုန်းမှာ အသက် ၂၀ မှ ၃၉ နှစ်ကြား လူငယ်များဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

အင်တာပိုအဖွဲ့မှ ညွှန်ကြားရေးမှူး စီရီဂေါက်က အလွန်လျှင်မြန်စွာ ကမ္ဘာအနှံ့တည်ရှိလာသော ကျားဖြန့် ကွန်ရက်သည် ငွေလိမ်ဒုစရိုက်မှုတစ်ခုတည်းအဖြစ်သာ ရပ်တည်သည်မဟုတ်ဘဲ မူးယစ်ဆေးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းပေါင်းစုံသည်လည်း ထိုကွန်ရက်မှပင် လမ်းကြောင်းများအတိုင်း သွားသည့်အတွက် စစ်မှန်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ် လိုအပ်လာပြီဖြစ်ကြောင်း၊ အစိုးရ အချင်းချင်းအကြား၊ NGOs များအကြား၊ နည်းပညာ ကုမ္ပဏီများအကြား တစ်ကမ္ဘာလုံး ပူးပေါင်းဆောင် ရွက်မှသာလျှင် ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဥပမာ တရားမဝင် ငွေလွှဲမှုများကို ပိတ်ဆို့ သိမ်းဆည်းသည့် I-GRIP ယန္တရားကဲ့သို့သော နည်းပညာ အဟန့်အတားများ၊ ကျားဖြန့်လိမ်လည်မှု အများစုမည်သည့် နည်းပညာပလက်ဖောင်းမှ သွားသည်ကို ယင်းနည်းပညာကုမ္ပဏီများကိုယ်တိုင် က ပူးပေါင်းပြီး နိုင်ငံတိုင်းမှ အစိုးရများနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် အထူးလိုအပ်နေပြီဟု သတိပေးပြောကြားခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#အင်တာပိုလ်
#အရှေ့တောင်အာရှ
#AIနည်းပညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now